Wednesday, August 6, 2014

ဒုတိယမြောက် တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေဖန်းတီးဖြစ်နေ သူ တေးသံရှင်ခင်စုစုနိုင်

ချစ်မြဲတိုင်းချစ်မယ် တစ်ကိုယ်တော်ခွေနှင့် ဂီတလောကကို အခြေချဝင်ရောက်လာပြီးပရိသတ်ခံစားချက်နှင့် ထပ်တူကြသောတေးသီချင်းများဖြင့် ပရိသတ်အားပေးမှု၊ အသိမှတ်ပြုမှုတွေရရှိထား သူ တေးသံရှင် ခင်စုစုနိုင်က သူ၏ဒုတိယခွေ အတွက် တေးသီချင်းများရွေးချယ် ဖန်တီးနေကြောင်း သိရသည်။
" မိစု အခုရှစ်လပိုင်းလောက် ဒုတိယမြောက်ခွေထွက်နိုငဖို့အတွက် ကြိုးစားနေပါတယ်။ သီးချင်းတွေလဲ စုထားတာတော်တော်များများတော့ ရနေပါပြီ။ ယခုနှစ် နှစ်ကုန်ပိုင်းလောက်တော့ ပရိသတ်ဆီကို Autdio CD အရောက်ပို့ပေးဖို့တော့ မှန်းထားပါတယ်။ နှစ်ဆန်းပိုင်းလောက်တော့ဖြစ်မှာပါ။ အရင်ပထမခွေတုန်းက သီချင်းဘယ်နှစ်ပုဒ်ထည့်မယ်။ ဘယ်လောက်ထိသုံးမယ်ဆိုပြီး Save လုပ်ထားတာပေါ့နော်။ ကိုယ်ပိုင် သံစဉ်ရော၊ ကော်ပီရော မျှပြီးသုံးထားခဲ့တယ်။ အခုဒုတိယခွေကတော့ ကိုယ်ပိုင်သံစဉ်တွေ အများဆုံး လုပ်ထားပါတယ်။ အဲဒီတွက်ကြောင့်အကောင်းဆုံးဖြစ်မယ့် သီချင်းတွေကို ညီမရွေးချယ်ပြီုး လုပ်သွားမှာပါ" ဟုတေးသံရှင်ခင်စုစုနိုင် ကပြောကြားခဲ့ပါသည်။
သူ့အနေဖြင့် ပထမတေးစီးရီးခွေထက် ဒုတိယတစ်ကိုယ်တော်ခွေကို ပရိသတ်အမြင်မတူ၊ ခံစားမှုရသ မတူအောင် ဖန်တီးနေကြောင်း၊ ပထမတစ်ကိုယ်တော်ခွေသီချင်းများက ခပ်အေးအေး အလွမ်းအဆွေး သီချင်းများသာ အများဆုံးလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း၊ ယခုဒုတိယခွေတွင် သူ၏ တက်ကြွသည့် ဟန်မူရာများတွေ့ရမည်ဖြစ်ပြီး သီချင်းများကိုအမြူးအကြွလေးတွေထည့်ထားကြောင်း၊ အနောက်တိုင်း သံစဉ်ဖြစ်သည့် လက်တင်သံစဉ်များနှင့် အကများထည့်ထားကြောင်း၊အရင်ကပေါ့ပ် သီချင်းအေးအေးလေး တွေကို ယခုဒုတိယခွေတွင်အနည်းအကျဉ်းလောက် သာတွေ့ ရမည်ဖြစ်ကြောင်း သိရသည်။
တေးသံရှင် ခင်စုစုနိုင်အနေဖြင့် ယနေ့ဂီတလောကတွင် ရပ်တည်နေနိုင်ခြင်းနှင့်ပတ်သက်ပြီး "အခုလို ညီမရပ်တည်လာတာကတော့ တွန်းအားတစ်ခုကြောင့်ပါ။ အဲဒါကတော့မွေးကတည်းကပါလာတဲ့ ဗီဇကြောင့်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက ဒီဂီတလောကက ရပ်တည်မှုတစ်ခုရဖို့ဆိုတာ အလွယ်ပါဘူး။ ၀ါသနာပါတယ်။ ပိုက်ဆံရှိတယ်ဆိုတာတောင် ပရိသတ်က ကိုယ့်ကိုခက်ခံနိုင်ဖို့ မနည်းလုပ် ရတယ်လို့ ကိုယ့်ထက် ၀ါရင့်ဂီတ သမားကြီးတွေက ပြောကြတယ်။ အခုညီမ တို့ခေတ်ရောက်တော့ အားလုံး၊ အားလုံးကတကယ့် အရည်အချင်း ပြည့်ဝပြီး အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်၊ အချိန်ကိုလေးစားပြီးဘ၀မမေ့ရင် ကိုယ့်တွက်ရပ်တည်လို့ ရမဲ့နေရာက ဒီဂီတလောကမှာ တစ်နေရာတော့ ရှိနေမယ်လို့မိစုယုံကြည်ပါတယ်။ ညီမကတော့ သီချင်းနဲ့ ပတ်သက်ရင် ဘယ်နရာရောက်ရောက် ရူးသွပ်နေတတ်သူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုလက်ခံထား တယ်။ သီချင်းသာဆိုနေရရင် စိတ်ညစ်စရာတွေက သူ့အလိုလိုပျောက်သွားတယ်။ ကိုယ်မြတ်နိုး ခံယူထားတဲ့ဘ၀ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ပါဘူး" ဟုဂီတနှင့်ပတ်သက်ပြီး သူ၏ခံယူချက်တွေ ရပ်တည်ချက်တွေ ကို ပြောကြား ခဲ့သည်။  သူ့အနေဖြင့် တစ်ခွေနှင့်တစ်ခွေ လုပ်ဆောင်ရန်အတွက် ကိုယ်ပိုင်ငွေကြေးများ ရအောင် စုဆောင်းနေရပြီး ပထမခွေလိုမျိုးမိဘများကို အကူညီတောင်းခံဖို့ ထက် မိမိအနုပညာဖြင့် ဖျော်ဖြေလို ရသောငွေကြေးများကို ဒုတိယခွေတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အခုလောလောဆယ် သူ့အနေဖြင့် အခြားမည်သည့်အလုပ်ကိုမျှအာရုံမစိုက်ဘဲ ပရိသတ်ပေးသည့် အနုပညာ မုန့်ဖိုးများဖြင့် ဒုတိယခွေကို အကောင်းဆုံးဖန်းတီးသွားမည်ဟု သိရသည်။

No comments:

Post a Comment

back to top