အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ထောင်ကျော်ရှိသွား
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင်
အီဘိုလာဗိုင်းရပ် စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၁၃ ဦးရှိပြီဟု ဖော်ပြသည်။
အနောက်အာဖရိကနိုင်ငံများတွင် ပြန်ပွားနေသော
အီဘိုလာ ဘိုင်းရပ်စ် အန္တရာယ်ကို အရေးပေါ် အခြေအနေချမှတ်၍ တားဆီးကာကွယ်မှုများ ပြုလုပ်နေသော်လည်း
ရောဂါပြန့်ပွားမှု အခြေအနေများမှာ စိုးရိမ်ရသည့် အနေအထားမျိုးတွင် ဆက်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုလ ၉ ရက်မှစတင်၍ အနောက်အာဖရိကနိုင်ငံသုံးနိုင်ငံတွင်
အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၅၂ ဦး သေဆုံးခဲ့ကြောင်း
သိရသည်။ လိုက်ဘေးရီးယား၊ ဆီရာလီယွန်နှင့် ဂီနီနိုင်ငံတို့တွင် တစ်ကျော့ပြန်ပျံနှံ့ခဲ့သည့်
အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းမှာ ယခင်အကြိမ်များထက် ပိုမိုမြင့်မားခဲ့သည်ဟု
ကုလသမဂ္ဂအဖွဲ့၏ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအဖွဲ့က အတည်ပြုထားသည်။
အမေရိကန် အစိုးရသည် လိုက်ဘေးရီးယားအစိုးရ၏တောင်းဆိုချက်ကြောင့်
အီဘိုလာဗိုင်းရပ်စ် ကုသရန် ဖော်စပ်ထးသော ဆေးတစ်မျိုးကို လိုက်ဘေးရီးယားသို့ ပို့ပေးခဲ့သည်ဟု
သိရသည်။ ZMapp ဟု အမည်ပေးထားသော အဆိုပါ ဆေးသည် လုံလောက်သည့်စမ်းသပ်မှုမျိုး မပြုလုပ်ရသေးသည့်
ဆေးဖြစ် သည်ဟုဆိုသည်။
No comments:
Post a Comment