အစိုးရသစ်ဖွဲ့မည့် အီရတ်၏ကြိုးစားမှု အိုးဘားမားကြိုဆို
အမေရိကန်သမ္မတ အိုဘားမားက ၀န်ကြီးချုပ်သစ် ရွေးချယ်ပြီး
အစိုးရသစ်ဖွဲ့စည်းရန် စီစဉ်လိုက်သည့် အီရတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အနာဂတ်အတွက် အကောင်းဆုံးခြေလှမ်းတစ်ရပ်ဟု
ချီးကျူး လိုက်ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။
အီရတ်ဝန်ကြီးချုပ်ဟောင်း နူရီမာလီကီက ရာထူးမှနုတ်ထွက်ရန်
ငြင်းဆိုနေခြင်းကြောင့် အစိုးရသစ် ဖွဲ့စည်းရန် နှောင့်နှေးနေသော အခြေအနေကို အီရတ်သမ္မတက
ဝန်ကြီးချုပ်သစ်ရာထူးတွင် ဟိုက်ဒါ အယ်လ်အေဘာဒီကို ခန့်အပ်မည်ဟု ယမန်ကေ့ ကြေညာခဲ့ပြီး
အစိုးရသစ်ဖွဲ့စည်းရန် စီစဉ်လိုက်ခြင်းဖြစ် သည်။ အီရတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဆွန်နီအစွန်းရောက်
စစ်သွေးကြွအဖွဲ့များ၏ ပြဿနာကို ထိန်းချုပ်ရာတွင် အစိုးရသစ်ဖွဲ့စည်းနိုင်ခြင်းမရှိသော
အကြောင်းအရာက အခက်အခဲ များ ဖြစ်ပေါ်စေ သည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ပြ မှုများ
ပြုလုပ် ခဲ့သော်လည်း နူရီမာလီကီက ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်နေခြင်းကြောင့် အခက်ကြုံခဲ့ရခြင်းဖြစ် သည်။
နူရီမာလီကီသည် အီရတ်ဝန်ကြီးချုပ်ရာထူးကို သက်တမ်းနှစ်ကြိမ်ဆက် ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ
တတိယမြောက်သက်တန်း တာဝန်ထမ်းဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဟိုက်ဒါအယ်လ်အေဘာဒီကို
ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်မည်ဟု အတည်ပြုချက်ထွက်ပေါ်လာပြီးနောက်တွင် ၀န်ကြီးချုပ်ဟောင်း
နူရီမာလီကီက အခြေခံဥပဒေနှင့် မညီညွတ်သော လုပ်ရန်ဖြစ်သည်ဟု ဝေဖခန်ခဲ့သည်။
အိုဘားမား”အစိုးရသစ် ဖွဲ့စည်းဖို့ လှုပ်ရှားလိုက်တာဟာ
အီရတ်နိုင်ငံအတွက် အနာဂတ်ကို အကောင်းဆုံး ဖန်တီးနိုင်မယ့် ခြေလှမ်းမျိုးဖြစ်ခဲ့ပါတယ်။
အဆင်ပြေပြေဆက်ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောသည်။
No comments:
Post a Comment