ယူကရိန်းအရှေ့ပိုင်းသို့ အထောက်အပံ့များ ရုရှားပေးပို့
ရုရှားနိုင်ငံသည်
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ပြည်သူများအတွက်
ထောက်ပံ့ရေးပစ္စည်းများပေးပို့ခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။
ရုရှားအစိုးရ၏
သတင်းထုတ်ပြန်ချက်တွင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ
တင်ဆောင်ထားသော ကုန်တင်ယာဉ် ၃၀၀ ကို ယူကရိန်းအရှေ့ပိုင်းသို့ စေလွှတ်လိုက်ကြောင်း၊
ကုန်တင် ယာဉ်များပေါ်တွင် ဂျုံ၊ ကလေးအစားအသောက်၊ မီးစက်နှင့် ဆေးဝါးများကို
အများဆုံး တင်ဆောင်ထားကြောင်း၊ ယူကရိန်းခွဲထွက်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်
နယ်မြေများတွင် အကူအညီ လိုအပ်နေသူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ရေးပစ္စည်းများ
ပေးပို့ရန် ယူကရိန်း အစိုးရနှင့် သေဘာ တူညီမှု ရရှိပြီးဖြစ်သည်ဟု ပြောသည်။ သို့သော်
အနောက်နိုင်ငံအများစုကမူ ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် နယ်မြေများသို့
ထောက်ပံ့ရေးပစ္စည်းများ ပေးပို့သော ရုရှားနိုင်ငံ၏ အပြုအမှုမှာ အလေးထားစောင့်ကြည့်ရမည့်
အပြုအမူမျိုးဖြစ်သည်ဟု သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ရုရှားသမ္မတပူတင်က
ယူကရိန်းအရှေ့ပိုင်းမှာ အခက်ကြုံနေတဲ့ လူသားတွေအများကြီးရှိပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ လူသားချင်းစာနာထေက်ထားမှု အကူအညီတွေပေးပို့ခဲ့တာဖြစ်ပါတယ်။
ကူညီထောက်ပံ့မှုတွေအားလုံးကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့
ပူးပေါင်းဆောင်ရွက် သွားရမှာပါ။ ပေးအပ်တဲ့ အကူအညီတွေအတွက် ယူကရိန်းအစိုးရနဲ့
သဘောတူညီမှု ရယူထား ပြီးဖြစ်ပါတယ်။ အဲ့ဒိဒေသတွေမှာ အမှန်တတယ် အကူအညီလိုအပ်တဲ့
အခြေအနေရောက်လာလို့ အခုလို ဆောင်ရွက်တာဖြစ်ပါတယ်ဟု ပြောသည်။
No comments:
Post a Comment