ဟောင်ကောင်တွင် သြဂုတ်လအတွင်း
ပြုလုပ်မည့် နိုင်ငံတကာပြိုင်ပွဲ ဖြစ်သည့် Mr.Asia 2014 သို့
မြန်မာနိုင်ငံ ကိုယ်စားပြု၍ သွားရောက် ယှဉ်ပြိုင်မည့် မျိုးထွဋ်နိုင်(ခ)Kharra က
အနည်းဆုံးဆု တစ်ဆုရအောင် ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။
‘‘ကျွန်တော့်အနေနဲ့ အ ကောင်းဆုံးလည်း
ကြိုးစားနေတယ်ဆိုတော့ Mr.Asia ဆုအကြီးဆုံး ဆုကို ရဖို့အတွက် ကျွန်တော်ကြိုး
စားသွားမယ်။ ဘာပဲဖြစ်ဖြစ် တစ် ဆုကတော့ ရအောင်ယူမယ်လို့ ယုံကြည် ပါတယ်’’ ဟု Kharra က
ပြောသည်။ ပြိုင်ပွဲ၏ Talent ပိုင်းအ တွက်
ပုဂံဝတ်စုံနှင့် ပုဂံအကကို ကပြမည်ဖြစ်သည့်အတွက် ဆရာ ချစ်စမ်းသာထံ တွင်
သင်ကြားနေပြီး ဗဟုသုတအတွက် ယနေ့နိုင်ငံ တွင် လတ်တလောဖြစ်ပေါ်နေ သော သတင်းများ အပြင်
ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်သည့် ဗိဿနိုးခေတ်
အကြောင်းကိုလည်းလေ့လာနေကြောင်း Kharra က ပြော သည်။
အဆိုပါ နိုင်ငံတကာပြိုင်ပွဲ သို့
နိုင်ငံပေါင်း ၅၀ ခန့်မှ မော် ဒယ်အမျိုးသားများ ၀င်ရောက်
ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမှ ပထမဆုံး ၀င်ရောက်ယှဉ်
ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဟောင် ကောင်တွင် သြဂုတ် ၂၇ ရက်မှ
စက်တင်ဘာ ၂၇ ရက်ထိ တစ်လကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖိုင်နယ်ပွဲကို
စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ Kharra သည် ၂၀၁၂ ခုနှစ်
တွင် မော်ဒယ်အဖြစ် စတင် လှုပ်ရှားခဲ့ပြီး
ပြည်တွင်းမော်ဒယ် ပြိုင်ပွဲနှစ်ခုတွင် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပြီး
ဆုများရရှိခဲ့သည်။
ထို့အပြင် ထွက်ရှိပြီးဖြစ် သော
နီနီခင်ဇော်၏ မာရီယိုခွေမှ ‘‘အထာမနပ်တဲ့သူ’’သီချင်းတွင် သရုပ်ဆောင် ထားသည်။ Kharra ကို Miss Golden Land Myanmar
organization မှ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Mr.Asia 2014 သို့ သွားရောက်
ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

No comments:
Post a Comment