Thursday, August 7, 2014

နှင်းဆီအဖွဲ့သားအားလုံးပါဝင်သည့် အထိမ်းအမှတ်ဖျော်ဖြေပွဲပြုလုပ် ရန်စီစဉ်

 နှင်းဆီအဖွဲ့သားအားလုံး ပြန်လည်ပါဝင်ကပြမည့် အထိမ်း အမှတ်ဖျော်ဖြေပွဲတစ်ခုကို ယခု နှစ်ကုန်ပိုင်း တွင်   ကပြနိုင်ရန် တိုင်ပင်နေကြောင်း ကျော်ကျော် ဗိုကပြောသည်။ ‘‘နှင်းဆီအဖွဲ့သားတွေ အကုန်လုံး ပါဝင်နိုင်မယ့် အထိမ်း အမှတ်ပွဲတစ်ခုလုပ်နိုင်ဖို့ တိုင်ပင် နေပါတယ်။ လုပ်ဖြစ်မယ်ဆိုရင် တော့ ဒီဇင်ဘာလောက်ဖြစ်နိုင်ဖို့ များတယ်’’ဟု ၎င်းကပြောသည်။
အဖွဲ့သားများအားလုံးဆုံ စည်းနိုင်မည့်ဖျော်ဖြေပွဲတစ်ခုဖြစ်စေရန် နှင်းဆီအဖွဲ့ဝင်များဖြစ် သည့် ရဲလေး၊ မိုးမိုးတို့လည်းပါဝင် နိုင်ရန်   ကြိုးစားသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ နှင်းဆီအဖွဲ့အနေဖြင့် ရန် ကုန်မြို့တွင် ၎င်းတို့၏ဖျော်ဖြေပွဲ ကို တစ်နှစ်လျှင် တစ်ပွဲပြုလုပ် လေ့ရှိသော်လည်း ယခုနှစ်အတွင်း၌ မန္တလေးမြို့တွင်သာဖျော်ဖြေပွဲ တစ်ပွဲပြုလုပ်ထားသည်။
ယင်းဖျော်ဖြေပွဲအပါအဝင် သင်္ကြန်မတိုင်မီသွားရောက်ခဲ့ သော နှင်းဆီအဖွဲ့၏ အမေရိကန် ဖျော်ဖြေရေး ခရီးစဉ်တွင် နှင်းဆီ လူရွှင်တော်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနှင့် မင်းမော်ကွန်းတို့ ပါဝင်ဖျော်ဖြေခဲ့ ကြသည်။

 


No comments:

Post a Comment

back to top