Thursday, August 7, 2014

မြန်မာနိုင်ငံ၌ ပထမဆုံး Road Service ဝန်ဆောင်မှု ဆောင်ရွက်

ရန်ကုန်မြို့တွင်း၌ မောင်းနှင် သွားလာနေကြသော မော်တော်ယာဉ်များ ယာဉ် မတော်တဆမှုများ၊  ရုတ်တရက် စက်ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာပါက လိုအပ်သော အကူအညီများ ပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှ လုပ်ငန်းရှင်များ ပူးပေါင်း စီစဉ်သော Road Service ဝန်ဆောင်မှု လုပ်ငန်းကို  ယမန်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယခု အချိန်တွင် အဆိုပါ SAT JAPAN Road Service မှ ကားဘီးပေါက်ခြင်း၊ ကားတံခါး လော့ခ်ကျခြင်း၊ ကားထဲတွင် ထည့်ထားသော စက်သုံးဆီ ကုန်သွားခြင်း၊ ဘက်ထရီ အားကုန်ခြင်း၊ ယာဉ် မတော်တဆမှု ဖြစ်ပွားပြီးနောက် ကား ရွှေ့မရ ဖြစ်နေခြင်း စသည့် အဖြစ်အပျက်များ အတွက် လိုအပ်သော ဝန်ဆောင်မှုများ အပြင် ကား သယ်ယူပို့ဆောင်ပေးခြင်းနှင့် အခြားသော အသေးစား စက်ချွတ်ယွင်းမှုများ ပြုပြင်ပေးခြင်း စသည့် လုပ်ငန်းများ လိုက်လံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
SAT JAPAN Road Service မှ ထိုဝန်ဆောင်မှု အကူအညီများကို ရရှိလိုသူများသည် SAT Club တွင်  တစ်နှစ်စာ အသင်းဝင်ကြေး ပေးသွင်းကာ Membership ပြုလုပ်ရန် လိုအပ်ကြောင်း၊ အသင်းဝင် ဖြစ်ပြီး နောက် အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် Road Service ဝန်ဆောင်မှု လိုအပ်လာသော SAT Call Center သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပါက SAT Road Service မှ ကျွမ်းကျင် ပညာရှင်များသည်  မော်တော်ယာဉ် ရှိရာသို့ တစ်နာရီအတွင်း အရောက် လာကာ လိုအပ်သော ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက အမှတ် (၈) ပန်းချယ်ရီလမ်း ခရေပင်ရိပ်မွန် (၂) မင်္ဂလာဒုံ မြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ SAT JAPAN Road Service ကုမ္ပဏီလီ မိတက်သို့ လူကိုယ်တိုင် လာရောက်၍ စုံစမ်းနိုင်ပြီး ဖုန်း-ဝ၁-၆၃၇၂၁၆ နှင့် ဝ၉-၂၅၄၃၈၁၉၈၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။   

No comments:

Post a Comment

back to top