Friday, August 15, 2014



ရှားပါးစိန်နီတွေပြသနေတဲ့ သြစတြေးလျပြပွဲ

အလွန်ရှားပါးတဲ့ အနီရောင်စိန်ပွင့်တွေကို သြစတြေးလျမှာ ကျင်းပနေတဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။သြစတြေးလျနိုင်ငံထွက် အနီရောင်စိန်တွေကို အခုအပတ်မှာ ကျင်းပနေတဲ့ ကျောက်မျက် ရတနာပြပွဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။


သြစတြေးလျနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးစိန်တူးဖော် ထုတ်လုပ်နေတဲ့နိုင်ငံတစ်ခုဖြစ်ပြီး ပန်းရောင်စိန်တွေကို မကြာခဏရတတ်ပေမယ့် အနီရောင် စိန်တွေကတော့ အရမ်းရှားပါတယ်။ အခုပြနေတဲ့ စိန်တွေအပါအ၀င် ကမ္ဘာပေါ်မှာ အနီရောင် စိန်အလုံး ၃၀ သာထွက်ပေါ်လာခဲ့ဖူးပြီး မနှစ်က ရောင်းခဲ့တဲ့ အနီရောင်စိန်တွေက တစ်ကာရက် ကို အမေရိကန်ဒေါ်လာ ၁.၆ သန်းထိရရှိခဲ့တာဖြစ်ပါတယ်။ အခုအနီရောင်စိန်တွေကို သြစတြေးလျ နိုင်ငံအနောက်ဘက်ဒေသက စိန်တူးဖော်တဲ့ ကုမ္ပဏီတစ်ခုက နေ  ပြသနေတာဖြစ်ပြီး အကြီးဆုံး စိန်က ၁.၂ ကာရက်ရှိပါတယ်။

 

No comments:

Post a Comment

back to top