Friday, August 15, 2014

စစ်အေးတိုက်ပွဲ၏ ခြိမ်းခြောက်မှုများတိုးမြင့်လာသည့်အတွက် ဖင်လန် သမ္မတနှင့် ပူတင်တွေ့ဆုံခဲ့

ဖင်လန်နိုင်ငံသမ္မတ Sauli Niinistoe သည် စစ်အေးတိုက်ပွဲအသစ်တစ်ခုသို့ ဦးတည်လျှက်ရှိသော အခြေအနေတင်းမာ မှုကိုထိန်းသိမ်းဖို့ကြိုးစားရန် ရည်ရွယ်ပြီး ရုရှားသမ္မတ ဘလာဒီမာပူတင်နှင့် သြဂုတ်လ (၁၄) ရက်နေ့တွင် တွေ့ဆုံမည်ဟု သိရသည်။


လွန်ခဲ့သော တစ်နှစ်ခန့်က ပူတင်ဖက်ကစတင်ဖိတ်ခေါ်ခဲ့ပြီးနောက် သမ္မတနှစ်ဦးသည် ရုရှားတောင်ပိုင်းမြို့ Sochi တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း Niinistoe သတင်းထောက်များအား သြဂုတ်လ (၁၃) ရက်နေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ကမ္ဘာ့ဖလားကျင်းပနေစဉ် ဂျာမနီအဓိပတိ အန်ဂျယ်လာ မာကယ်နှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပူတင်သည် ဥရောပခေါင်းဆောင်တစ်ဦး သို့မဟုတ် နိုင်ငံခေါင်းဆောင်တစ်ဦးနှင့် ပထမဦးဆုံး အကြိမ် တွေ့ဆုံပြီး နှစ်နိုင်ငံ ကိစ္စဆွေးနွေးခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment

back to top