Friday, August 15, 2014




ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကာလ ငါးရက်သက်တမ်းတိုး

ဂါဇာဒေသတွင် ဒုံးကျည်များ ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ် က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဂါဇာဒေသကို ထိုးစစ်ဆင်ခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေး ငါးရက်သတ်မှတ်မှုသည် မတည်ငြိမ်သည့် အစပျိုးမှုဖြင့် စတင်ခဲ့သည်။

၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကာလကို နောက်ထပ်ငါးရက်သက်တမ်းတိုးခဲ့သော်လည်း အစ္စရေး စစ်တပ်များက ဂါဇာဒေသတွင် မြေအောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီဂျစ်ထောက်လှမ်းရေးတပ်ဖွဲ့ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပသည့် တစ်ရက်ကြာအပြင်း အထန် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဟု ဟားမားစ်တပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ယခုလ ၁၀ ရက်က စတင်သည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးသွားရန် အသင့်ရှိသည်စု အစောပိုင်းက ပြောကြားခဲ့သော်လည်း သက်တမိးတိုးအပြီး တစ်နာရီကြာကာလအတွင်း အစ္စရေးတပ်ဖွဲ့ သည် အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။ ဟားမားစ်တပ်ဖွဲ့က ငြင်းဆိုခဲ့သည့် ၎င်းတို့ပစ်ခတ်တိုက်ခိုက် သည်ဟုဆိုသော ဒုံးကျည်ငါးစင်းကို တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးတို့ က ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်းမရှိဆိုသည် ရှင်းလင်းစွာမသိရပေ။
အာရပ်နိုင်ငံများအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့စည်းများ၏ထောက်ခံမှုဖြင့်လာမည့် ရက်သတ္တပတ်များတွင် အစ္စရေးနှင့် ဟားမားစ်တို့အကြားအပြီးသတ် သဘောတူညီမှု ရရှိနိုင်မည် ဟု မျှော်လင့်ထားကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်နှင့် တွေ့ဆုံဆွေးနွေးရန် ထွက်ခွာ လာသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အဇမ်အယ်လ် အာမတ်က ပြောသည်။
ပြီးခဲ့သည့်ရက်များအတွင်း နှစ်ဖက်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း ဂါဇာဒေသမြောက်ပိုင်း၌မပေါက်ကွဲသေးသည့် ဒုံးကျည်တစ်စင်း ရုတ်တစ်ရက်ပေါက်ကွဲမှုကြောင့် အီတာလျံသတင်းသတားတစ်ဦးအပါအ၀င် စုစုပေါင်းလူငါးဦး သေဆုံးခဲ့ရသည်။
ဂါဇာဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားမှု ရကသတ္တပတ် ငါးပတ်ကြာမြင့်ချိန်တွင် ပါလက်စတိုင်း လူမျိုး ၁၉၅၀ နှင့် အစ္စရေးတို့ဘက်မှာ ၆၇ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဟားမားစ်တို့ ဘက်မှ ဒုံးကျည်များဖြင့် ပြနလည်ပစ်ခတ်တိုက်ခိုက်ခြင်းသည် ယူကေအစိုးရ၏ အားပေးထောက်ခံ မှုကြောင့် ဖြစ်သည်ဟု အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ပါက ယူကေက လက်နက် မရောင်းရန် ဆုံးဖြတ်အပြီးတွင် အစ္စရေးဝန်ဘကီးတစ်ဦးက စွပ်စွဲပြောကြားသည်။

No comments:

Post a Comment

back to top