Monday, August 11, 2014



အငြင်းပွားနေတဲ့ ကျွန်းမှာ မီးပြတိုက်ဆောက်မယ့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ ဗီယက်နမ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတွေပေါ်မှာ မီးပြတိုက်တွေ တည်ဆောက် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။တောင်တရုတ်ပင်လယ်ထဲက  ဗီယက်နမ်နဲ့ အငြင်းပွားနေဆဲဖြစ်တဲ့ ကျွန်းတွေပေါ်မှာ မီးပြတိုက်တွေတည်ဆောက်သွားမယ်လို့ တရုတ်မီဒီယာတွေက ပြောကြားခဲ့ပါတယ်။  မီးပြတိုက်တွေ တည်ဆောက်ဖို့နေရာတွေကို လည်း ရွေးချယ်ထားပြီး ဖြစ်တယ်လို့ တရုတ်မီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။


တရုတ်အစိုးရက တရားဝင်မကြေငြာသေးပေမယ့်လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀န်ရီ ကတော့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အခြေအနေတွေကို တိုးမြှင့်ပေးရမယ်လို့ ပြောကြားခဲ့ပြီးတော့ တခြားနိုင်ငံတွေဟာ သူတို့အရင်ဟိုတယ်တွေ လေဆိပ်တွေအစရှိတဲ့ လူနေ အဆောက်အဦးတွေကို တည်ဆောက်ပြီးဖြစ်နေပြီလို့ ကာကွယ်ပြောကြား ခဲ့ပါတယ်။



တရုတ်ဟာ သူ့ရဲ့ ပိုင်နကအဖြစ် သတ်မှတ်တဲ့ အပြုအမူတွေ ဆက်လက်ပြုလုပ်လာနိုင်ပြီး ဗီယက်နမ်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မေလ တုန်းကလည်း တရုတ်ရေနံ ကုမ္ပဏီတစ်ခုက အဲ့ဒီကျွန်းတွေနားမှာ ရေနံ စတင်တစ်ခု တည်ဆောက်ခဲ့ပါသေးတယ်။


No comments:

Post a Comment

back to top