Monday, August 11, 2014

မိုတိုဂရင်းပရီ လေ့ကျင့်မှုမှာ ကမ္ဘာ့ချန်ပီယံ မတ်မာကွစ် အမြန်ဆုံး စံချိန် ရ


အမေရိကန် ပြည်ထောင်စု အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပိုလစ်မြို့မှာ ပြုလုပ်တဲ့ မိုတိုဂရင်းပရီ လေ့ကျင့်မှုမှာ ကမ္ဘာ့ချန်ပီယံ မတ်မာကွစ်က အမြန်ဆုံးစံချိန် ရပါတယ်။ စပိန်နိုင်ငံသား မာကွစ်ဟာ ဟွန်ဒါဆိုင်ကယ်နဲ့ လေ့ကျင့်တာဖြစ်ပြီး အဲဒီနေ့က (၁)မိနစ်(၃၂ဒသမ၈၈၂)စက္ကန့်နဲ့ ကွင်းတစ်ပတ် အမြန်ဆုံးစံချိန် ရပါတယ်။ ဒုတိယအမြန်ဆုံး စံချိန်ကိုတော့ အီတလီနိုင်ငံသား အင်ဒရေအီယန်နွန်းက မာကွစ်ရဲ့နောက် (ဒသမ၂၂၂)စက္ကန့်အကွာနဲ့ ရပါတယ်။ ယာမာဟာအသင်းနဲ့ စာချုပ်သက်တမ်း တိုးထားတဲ့ စပိန်နိုင်ငံသား ဂျော့လိုရင်ဇိုက (ဒသမ၅၄၂)စက္ကန့်အကွာနဲ့ တတိယ အမြန်ဆုံးစံချိန် ရပါတယ်။ အင်ဒီယာနာပိုလစ် ဂရင်းပရီ ပြိင်ပွဲအတွက် အကြိုလေ့ကျင့်တာဖြစ်ပြီး ဒီပြိုင်ပွဲဟာ ဒီရာသီရဲ့ (၁၀)ပွဲမြောက် ဂရင်းပရီပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဂရင်းပရီပြိုင်ပွဲ (၉)ပွဲစလုံးမှာ မာကွစ်က ဗိုလ်စွဲထားပါတယ်။

No comments:

Post a Comment

back to top