ရုရှားနဲ့ ပတ်သက်ပြီး EU ကို အကူအညီတောင်းတဲ့ ပြင်သစ်
ရုရှားနိုင်ငံဟာ
ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဆီက အစားအစာတင်သွင်းမှုတွေ ကို ပြန်လည်ပိတ်ဆို့ လိုက်တဲ့အတွက်
ပြင်သစ်က ဥရောပသမဂ္ဂကိုအကူအညီတောင်းလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဥရောပအစား အစာတင်သွင်းခွင့်ကို
ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး တစ်စုံ တစ်ရာပြုလုပ်ပေးဖို့ ဥရောပကော်မရှင် ကို ပြင်သစ်နိုင်ငံသမ္မတရုံးက
သောကြာနေ့မှာ တောင်းဆို လိုက်ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး
ရုရှားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ နေတဲ့အမေရိကန်၊ ဥရောပနိုင်ငံတွေကို
တုံ့ပြန်တဲ့အနေနဲ့ ရုရှားက အဲ့ဒီနိုင်ငံတွေက စားစရာ တင်ပို့မှုတွေ အားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီပိတ်ဆို့မှုကို ရုရှားဝန်ကြီးချုပ် ဒီမီ ထရီမက်ဗီဒက်မှ ကြေငြာခဲ့တာဖြစ်ပြီး အသား၊
ငါး၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းတွေ အားလုံး ပိတ်ဆို့မှာ ပါဝင်ပြီးတော့ ကလေးအစား အစာတွေသာ
ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
ပြင်သစ်သမ္မတ
ဖရန်ဆွာဟော်လန်က ပြင်သစ်အစားအသောက်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပြီးတော့
ရုရှားပိတ်ပင်မှုရဲ့ ထိရောက်မှုကို အရေးပါကြောင်း သမ္မတရုံးထုတ်ပြန်ချက်မှာ ပါဝင်လာပါတယ်။
ရုရှားဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေနိုင်ငံတွေက
စားစရာတင်ပို့မှု အားလုံးကို တားမြစ်သွားမှာပါ။
No comments:
Post a Comment