နီပေါနိုင်ငံသို့ အိန္ဒိယ၀န်ကြီးချုပ်ရောက်ရှိ စွမ်းအင်နှင့် ကုန်သွယ်ရေး ဆက်ဆံမှု မြှင့်တင်မည်
အိန္ဒိယ၀န်ကြီးချုပ်
နရိန္ဒြာမိုဒီသည် နီပေါနိုင်ငံသို့ သြဂုတ် ၃ ရက်တွင် ရောက်ရှိလာသည်။ မိုဒီ၏
ခရီးစဉ်သည် တောင်အာရှဒေသရှိ နိုင်ငံနှစ်နိုင်ငံအကြား စွမ်းအင်နှင့် ကုန်သွယ်ရေး
ဆက်ဆံမှုများ ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၎
ရက်တွင် သတင်း ထုတ်ပြန်သည်။
မိုဒီသည်
၁၇ နှစ်တာကာလအတွင်း နီပေါနိုင်ငံသို့ လာရောက်သည့် ပထမဆုံးသော အိန္ဒိယ၀န်ကြီးချုပ်
တစ်ဦးဖြစ်သည်။ မိုဒီသည် မေလက အမျိုးသားရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ပြီးနောက်
အာဏာရရှိ လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်နိုင်ရန်
ကြိုးပမ်းလျက်ရှိသည်။
မိမိ၏အစိုးရအဖွဲ့သည်
နီပေါနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်
အလေးထားကြောင်း မိုဒီက ပြောကြားသည်။
နီပေါဝန်ကြီးချုပ်
ဆူရှီးလ်ကွိုင်ရာလာသည် ၀န်ကြီးချုပ်မိုဒီအား ခတ္တမန္ဒူနိုင်ငံတကာလေဆိပ်၌
ဆီးကြိုနှုတ်ဆက်ခဲ့သည်။ ၀န်ကြီးချုပ်မိုဒီအား ကြိုဆိုပွဲအခမ်းအနားကို ယင်းလေဆိပ်၌
ပြုလုပ်ခဲ့ပြီး ၎င်းအားဂုဏ်ပြုသည့်အနေဖြင့် အမြောက် ၁၉ ချက်ပစ်ဖောက်ခဲ့သည်။
မိုဒီ၏ခရီးစဉ်အတွင်း
ဝန်ကြီးချုပ်ကွိုင်ရာလာနှင့်သမ္မတ ရမ်ဘာရန်ယာဒက်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး
နီပေါပါလီမန်၌ မိန့်ခွန်းပြောကြားခဲ့သည်။
နီပေါနိုင်ငံ၏
အခြေခံအဆောက်အအုံ တိုးတက်လာစေရေးအတွက် ဒေါ်လာ ၁ ဘီလီယံအထိ အတိုးနှုန်း သက်သာသော
ချေးငွေများထုတ်ပေးရန် အိန္ဒိယနိုင်ငံက ကမ်းလှမ်းခဲ့သည်။
နီပေါနိုင်ငံ၏ရေအားလျှပ်စစ်
ထုတ်လုပ်ရေးလုပ်ငန်းတွင် အိန္ဒိယနိုင်ငံက ပူးပေါင်းဆောင်ရွက် မည်ဖြစ် သည်။
နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှု မြှင့်တင်ကြရန် မိုဒီ၏ ခရီးစဉ်က
မျှော်မှန်းသည်။
No comments:
Post a Comment