ဝိတ်ကျအောင်ဘယ်လိုလုပ်မလဲ
ကိုယ့်ရဲ့နေ့စဉ်ဘ၀တွေမှာ သွားလာလှုပ်ရှားရင်းနဲ့ အထူးကြိုးစားစရာမလိုပဲ ၀ိတ်ကျအောင် ခန္ဓာကိုယ်ကို ထိန်းသိမ်းလို့ ရပါတယ်။ အစားအသောက်ပိုင်းဆိုင်ရာကို အဓိကထားပြီး နည်းနည်းဆင်ခြင်လိုက်တာနဲ့ သိသိသာသာ ၀ိတ်ကျသွားမယ့် နည်းလမ်းလေးတွေ ပြောပြရရင်တော့၁။အစားအစာ တစ်ခုခုစားတော့မယ်ဆိုတိုင်း အလွန်အကျွံ မစားမိစေဖို့ ရေအရင်သောက်ပေးပါ။၂။အစားအစာတွေကို တစ်မျိုးတည်းချည်း အမြဲပုံမှန် မစားပါနဲ့။ အပြောင်းအလဲ၊ အလဲအလှယ်လေးနဲ့ စားပေးပါ။၃။အချိုပွဲအတွက် ကွတ်ကီးတွေ စားမှာထက် အရသာပြင်းပြီး အရောင်မည်းတဲ့ ချောကလက်ကို စားပေးပါ။၎။ကိုယ်စားမယ့် သရေစာ အစားအစာတွေဟာ ကိုယ့်ကိုဝိတ်တက်စေနိုင်သလား ဆိုတာ အမြဲစဉ်းစားပြီးမှ စားပါ။ ကိုယ့်စိတ်ကိုမနိုင်ဘူးဆိုရင် တစ်ခါသုံး ပန်းကန်၊ ခွက်လေးတွေ ဆောင်ထားပြီး အဲ့ဒါလေးတွေထဲ ထည့်စားပါ။ ဒီလောက်ဆို ငါတော်သင့်ပြီလို့လည်း သတိပေးပါ။၅။လေ့ကျင့်ခန်းပုံမှန် မလုပ်ဖြစ်ရင်တောင် ရုံးမှာ လှေခါးအတက်အဆင်းလုပ်တာမျိုး၊ ကိုယ့်အခန်းရဲ့ ပတ်ပတ်လည်မှာ နေ့လည်ဘက် လမ်းလျှောက်ပေးတာမျိုး စသဖြင့် တတ်နိုင်သလောက် လုပ်ပေးဖို့ပါပဲ။Ref:womenshealthmag.comTrend Myanmar
No comments:
Post a Comment