Tuesday, August 5, 2014

ဂျူစံသာနဲ့ လှယဉ်ကျေးတို့ရဲ့သရဖူကို အေးချမ်းမြေ့ရသွားပြီ

ဒီနှစ်အတွက် Miss Globe Myanmar သရဖူကို မကြာသေးခင်ကအထိ ဆောင်းခဲ့သူက ဂျူးစံသာ ဖြစ်ပါတယ်။သို့သော်လည်း သူ သရဖူ ရုတ်သိမ်းခံရပါတယ်။ ကြာသပတေးနေ့မှာတော့ ဂျူးစံသာ နေရာ ၀င်လာသူက အလှမယ် လှယဉ်ကျေး ဖြစ်လာပြီ၊ စာချုပ်ချုပ်လိုက်ပြီ ဆိုတဲ့အကြောင်း Miss Globe Myanmar Organization ဆိုတဲ့ အေဂျင်စီရဲ့ တာဝန်ခံ မလှနုထွန်းက သတင်းဌာနတွေ ကို ပြောပါတယ်။
လှယဉ်ကျေးနဲ့ ချုပ်ထားတဲ့ စာချုပ်ကလည်း ရက်ပိုင်းပဲ ခံပါတယ် – လှယဉ်ကျေး ခြိမ်းခြောက်ခံနေရတဲ့ အတွက် သူ့လုံခြုံရေးအရ အပြောင်းအလဲတွေ လုပ်လိုက်ရတဲ့အကြောင်းမလှနုထွန်းက ဖေ့စ်ဘုတ်မှာ တနင်္လာညနေပိုင်းကရေးပါတယ်။ ဘယ်လိုဘယ်ပုံ ခြိမ်းခြောက်ခံရတယ် ဘယ်သူက ဘယ်သူ့ကို ခြိမ်းခြောက်တယ် ဆိုတာတွေကိုတော့ သူက ရှင်းမထားပါ။
အဲဒီတော့ မလှနုထွန်းက အလှမယ်အသစ်ကို ထပ်မံကြေညာပါ တယ်။သူကတော့ အေးချမ်းမြေ့ ပါပဲ။  အေးချမ်းမြေ့ နဲ့တော့ အတည်ဖြစ်ဖွယ်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်ပမှာ ထွက်ပြိုင် ရမယ့် ပြိုင်ပွဲက ရက်ပိုင်းပဲ လိုတော့တဲ့အတွက်ပါ။ Miss Globe International ပြိုင်ပွဲ ဖြစ်ပါ တယ်။ အေးချမ်းမြေ့နဲ့ စာချုပ်ချုပ်လိုက်တဲ့အကြောင်း မလှနုထွန်းရဲ့ ရေးသားချက် ကိုလည်း ဒီပို့စ် အဆုံးမှာ တွေ့ရမှာပါ။ သူ့ဖေ့စ်ဘုတ်ကနေ ကူးယူလိုက် တာပါ။ မြန်မာလိုတော့ မကြာခင် ဘာသာပြန်ဆို ဖော်ပြမယ်လို့ ဆိုပါတယ်။
သူတို့ သဘောတူထားတဲ့ စာချုပ်အတိုင်းဆို အလှမယ်က အေဂျင်စီကို အနုပညာကြေး ၃ဝရာခိုင်နှုန်း ပေးရပါမယ်။ အလှမယ်ရဲ့ ၃ နှစ်တာ အနုပညာလှုပ်ရှားမှုတွေက ထွက်လာမယ့် ငွေကြေး အမြတ်အစွန်း ထဲက ၃၀ ရာခိုင်နှုန်းပါ။ အေဂျင်စီကတော့ ပြိုင်ပွဲမှာ အနိုင်ရဖို့တို့ သင်တန်းတို့ ဘာတို့ အတွက် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

No comments:

Post a Comment

back to top