Thursday, August 7, 2014


အာဖရိကတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများမှ (၁၄) ဘီလီယံ ရင်းနှီးမြှုပ်နှံမှုပြုသွားမည်ဟု အိုဘားမားကြေညာ
အမေရိကန် စီးပွားရေးလုပ်ငန်းများသည် အာဖရိကရှိ ဆောက်လုပ်ရေး၊ သန့်ရှင်းသောစွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် သတင်းနည်းပညာစီမံကိန်းများတွင် ဒေါ်လာ (၁၄) ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှုပြု သွားမည် ဖြစ်ကြောင်း သမ္မတ ဘားရက်အိုဘားမားက သြဂုတ်လ (၅) ရက်၊ အင်္ဂါနေ့တွင် ကြေညာ သွားမည်ဟု အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားခဲ့သည်။




အဆိုပါကြေညာချက်သည် ၀ါရှင်တန်တွင်သုံးရက်ကြာကျင်းပခဲ့သည့် အာဖရိကထိပ်သီးညီလာခံ၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အမေရိကန်-အာဖရိက စီးပွားရေးဖိုရမ်တွင် ထုတ်ဖေါ်ကြေညာမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ အနေဖြင့် ၄င်းဒေသတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရန် စိတ်ဝင်စား သည့်အကြောင်း ပြသဖို့ဖြစ်သည်ဟု ဆိုသည်။  

No comments:

Post a Comment

back to top