Thursday, August 7, 2014


လူပေါင်းရာနဲ့ချီပြီး ပျောက်ဆုံးနေသည့် ဘင်္ဂလားဒေ့ရှ်ကြိုပို့ယာဉ် တိမ်းမှောက်မှု
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါ(ဒ)မာမြစ်အတွင်း ကြိုပို့ယာဉ် တစ်စင်းနစ်မြှုပ်ခဲ့တာကြောင့် ခရီးသည် (၂၀၀) ကျော် ပျောက်ဆုံးလျက်ရှိနေတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါ(ဒ)မာမြစ်အတွင်း ကြိုပို့ ယာဉ်တစ်စင်း တနင်္လာနေ့တုန်းက နစ်မြှုပ် ခဲ့ပါတယ်။ သင်္ဘောနစ်မြှုပ်မှုကြောင့် လူ ၂ဦးထက် မနည်းသေဆုံးပြီး နောက်ထပ် လူပေါင်း(၂၀၀) ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။




ဒါပေမယ့် သင်္ဘောနစ်မြှုပ်စဉ်က လိုက်ပါလာသူ အရေအတွက်ဟာ ၂၅၀ ရှိခဲ့ပြီး ဒါကာမြို့ဆင်ခြေဖုံးကို ခုတ်မောင်းစဉ် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါ တယ်။ ပျောက်ဆုံးနေသူတွေကိုတော့ ရေငုပ်သားတွေကဆက် လက်ရှာဖွေနေပြီး သင်္ဘော နစ်မြှုပ်ရတဲ့အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းလျက်ရှိနေပါတယ်။

 

No comments:

Post a Comment

back to top