ရေကြီးမှုတွေဖြစ်ပွားနေသည့် ဘူလ်ဂေးရီယားနဲ့ ရိုမေးနီးယားနိုင်ငံ
ရက်သတ္တပတ်နဲ့ချီတဲ့
မိုးသန်းထန်စွာရွာသွန်းမှုကြောင့် ဘူလ်ဂေးရီးယားနိုင်ငံနဲ့ ရိုမေးနီးယား နိုင်ငံတွေ မှာ
ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ဘူဂေးလ်ရီးယားနိုင်ငံနောက်မြောက်ဘက်ပိုင်း
မီဇာမြစ်ရေလျှံမှုကြောင့် အိမ်ခြေရာပေါင်းများစွာ နစ်မြုပ်လျက်ရှိနေပါတယ်။
ရေကြီးမှုကြောင့်
သေဆုံးသူတစ်ဦးရှိသွားပြီဖြစ်ပြီး လူပေါင်း ၅၀၀ ကျော် ကိုတော့ နေရာပြောင်းရွှေ့ကယ်ဆယ်ပေးထားရတယ်လို့
ဘူလ်ဂေးရီးယား အာဏာပိုင်တွေက ပြောကြား ထားပါတယ်။ ရေကြီးမှုဟာ တနင်္ဂနွေနေ့ နေ့လည်တစ်နာရီမှာ
အမြင့်ဆုံးကို ရောက်ရှိ ခဲ့တယ်လို့ ဘူလ်ဂေးရီးယား ဒေသခံတစ်ဦးက ပြောပါတယ်။ ရိုမေးနီးယားနိုင်ငံအနောက်တောင်
ဘက်ပိုင်းမှာတော့ အိမ်ခြေပေါင်း ၂၅၀ ကျော်ရေနစ်မြုပ်နေပြီး လူပေါင်း နှစ်ထောင်ကျော်
ပြောင်းရွှေ့ပေးထားရတယ်လို့ ရိုမေနီးယားအစိုးရက သတင်းထုတ်ပြန်ထား ပါတယ်။
ရိုမေနီးယားနဲ့
ဘူလ်ဂေးရီးယားနှစ်နိုင်ငံအပြင် ဘော်ကန်ကျွန်းစု Balkan နိုင်ငံတွေ မှာ မေလတုန်း က ဖြစ်ပွားခဲ့တဲ့
ရေကြီးမှုတွေကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အီတလီနိုင် ငံမြောက်
ဘက်ပိုင်းက ရွာတစ်ရွာမှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် လူ ၄ ဦးသေဆုံးပြီး နောက်ထပ်
၂၀ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment