ရုရှားပိတ်ဆို့မှုကြောင့် ထိခိုက်နစ်နာတဲ့ UK ကုမ္ပဏီများ
ရုရှားနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ပြန်လည်တုံ့ပြန်တဲ့
ပိတ်ဆို့မှုကြောင့် ဗြိတိန် ကုမ္ပဏီတွေအပေါ်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေက အစားအစာတင်သွင်းမှုတွေကို
ကြာသပတေးနေ့ကစပြီး တားမြစ်လိုက်တဲ့အတွက် စီးပွားရေး ထိခိုက်မှုရှိခဲ့တယ်လို့ ဗြိတိန်ကုမ္ပဏီတွေက
သတင်းထုတ်ပြန် ပါတယ်။
စကော့တလန်အခြေစိုက် လူနာ Lunar ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က
ရခဲ့တဲ့ ၀င်ငွေ ဒေါ်လာသန်း (၆၀) ရဲ့ တစ်ဝက်ဟာ ရုရှားပို့ကုန်များက ရရှိခဲ့တာဖြစ်ပြီး
သူတို့ရဲ့ လုပ်ငန်းမှာ ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင်
သူတို့ရဲ့ ရုရှားနိုင်ငံ တွင်းက ရစရာ ငွေကြေးလက်ကျန်တွေကို ရရှိဖို့လည်း မသေချာတဲ့
အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ Lunar ကုမ္ပဏီရဲ့ သူဌေး စင်ကလဲယားဘန့်ခ်က ဆိုပါတယ်။
တခြားကုမ္ပဏီတွေကလည်း ရုရှား ကို တင်ပို့ဖို့
စီစဉ်ထားတဲ့ ပို့ကုန်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး ရုရှားနိုင်ငံတွင်းမှာ ဈေးကွက်ချဲ့
ထွင်ဖို့အတွက်လည်း ခက်ခဲသွားပြီဖြစ်ပါတယ်။ ရုရှားကိုတင်ပို့မယ့် အနောက်နိုင်ငံတွေက
ကုန်ပစ္စည်း တွေဟာ ဗြိတိန်ဈေးကွက်ထဲ မှာပဲ ရောင်းချသွားရဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ရုရှားနိုင်ငံက တားမြစ်တဲ့ပစ္စည်းတွေဟာ တခြားဈေးကွက်တွေမှာလည်း ရောင်းချနိုင်တဲ့အတွက်
အခြားနိုင်ငံတွေက မိသားစုတွေဟာ စားသောက်ကုန်ဈေးကျတဲ့ ကောင်းကျိုးတွေကို ခံစားရမှာဖြစ်
တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
No comments:
Post a Comment