(၂၀၁၆)အိုလံပစ်အတွက် စမ်းသပ် ရွက်လှေစီးပြိုင်ပွဲကို ရီယိုမြို့မှာ ကျင်းပ
(၂၀၁၆)နွေရာသီ အိုလံပစ်အတွက် ပထမဆုံးအကြိမ် တရားဝင် စမ်းသပ်ပြိုင်ပွဲကို တနင်္ဂနွေနေ့က ရီယိုဒီဂျနေယိုမြို့မှာ ကျင်းပပါတယ်။ တခြား အားကစားနည်းတွေမပါဘဲ အိုလံပစ် ရွှက်လွှင့်ပွဲစဉ်(၁၀)မျိုးမှာ ပါဝင်တဲ့ ရွက်လှေစီးပြိုင်ပွဲကိုပဲ ကျင်းပတာ ဖြစ်ပါတယ်။ သြဂုတ်(၉)ရက်အထိ ကျင်းပမယ့် ဒီနိုင်ငံတကာ ရွှက်လှေစီးပြိုင်ပွဲမှာ နိုင်ငံ(၃၄)နိုင်ငံက အားကစားသမား (၃၂၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
ကျင်းပတဲ့နေရာက နောက်(၂)နှစ်အကြာ အိုလံပစ် ရွှက်လွှင့်ပွဲစဉ်တွေ ကျင်းပမယ့်ရေပြင် ဖြစ်ပါတယ်။ အဲဒီနေရာက ရီယိုမြို့ရဲ့ ဂွာနာဘာရာ ပင်လယ်အော်ဖြစ်ပြီး အဲဒီရေပြင် ပတ်ဝန်းကျင်ဟာ ညစ်ညမ်းနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိတယ်လို့ ပြောဆိုနေကြပါတယ်။ သြဂုတ်(၁)ရက်က နောက်ဆုံးယူခဲ့တဲ့ရေရဲ့ အရည်အသွေးကို ဓာတ်ခွဲကြည့်တဲ့အခါမှာ အီကိုလီ ဘက်တီးရီးယားနဲ့ အခြားအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ တွေ့ပေမယ့် ဒေသဆိုင်ရာ ပြိုင်ပွဲကျင်းပရေး ကော်မတီနဲ့ နိုင်ငံတာ ရွှက်လွှင့်အဖွဲ့ချုပ်တို့က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတွင်းမှာပဲ ရှိတယ်လို့ ဆိုပါတယ်။ "ပြည်နယ်အစိုးရက ဓာတ်ခွဲခန်းရလဒ်ကို သြဂုတ်(၂)ရက်က ပေးပါတယ်။ကျွန်မတို့က ပြဿနာရှိတဲ့ ရေပြင်ဧရိယာကို ကိရီယာအစုံနဲ့ စမ်းသပ်ပါတယ်။ တွေ့ရှိတာကတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီပါပဲ"လို့ ဂျူလီဆိုတဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။

No comments:
Post a Comment