အပစ်အခတ်ရပ်စဲမှုပြန်လည်စတင်ထားသည့် ဂါဇာဒေသ
အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ဂါဇာဒေသအတွင်း နောက်ထပ်
၇၂ နာရီကြာအောင် စစ်ပွဲရပ်တန့်ထားဖို့ ထပ်မံသဘောတူညီထားတယ်လို့ သိရပါတယ်။ အစ္စရေးနဲ့
ဟားမက်စ်တို့ဟာ ဂါဇာဒေအတွင်းမှာ တနင်္လာနေ့ကစတင်ပြီး ၇၂ နာရီကြာ အပြစ်အခတ်ရပ်စဲထား ဖို့ ထပ်မံသဘောတူညီထားတယ်လို့
သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ် တို့ ကြားက အပစ်အခတ်ရပ်စဲရေးနဲ့
ပတ်သက်ပြီး အီဂျစ်နိုင်ငံဟာ ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးနေပြီးတော့ လနဲ့ချီတဲ့
အပစ်အခတ်ရပ်စဲရေးကို သဘောတူညီနိုင်ဖို့ အဓိက ထား နေပါတယ်။ ပါလက်စတိုင်း သမ္မတ ကိုယ်စား
ဆွေးနွေးပွဲတက်ရောက်လာတဲ့ ပါလက်စတိုင်းစေ့စပ်ဆွေးနွေးသူ စစ်မှုထမ်းဟောင်း ဆပ်အာကပ်ဟာ
အီဂျစ်နဲ့ အာရပ်အဖွဲ့ချုပ် အရာရှိတွေနဲ့ တွေ့ဆုံဖို့အတွက် ကိုင်ရိုမြို့ကို တနင်္ဂနွေနေ့တုန်းက
ရောက် ရှိနေပြီဖြစ်တယ် လို့ လေဆိပ်အရာရှိ တွေကသတင်းထုတ် ပြန်ထားပါတယ်။
မြေပြင်မှာ အပစ်အခတ်ရပ်စဲမှု ပြည့်ပြည့် ၀၀ဖော်ဆောင်နိုင်ပြီဆိုပါက
အစ္စရေးကိုယ်စားလှယ်တွေကို အီဂျစ်ကို စေလွှတ်သွား မှာဖြစ်တယ်လို့ အစ္စရေးအစိုးရအရာရှိတွေက
ပြောကြားထားပါတယ်။ ဂျူလိုင် ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ပါလက် စတိုင်း
ဒေသခံ ၁၉၃၉ ဦးနဲ့ အစ္စရေး ၆၇ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment