Wednesday, August 6, 2014


အကြီးဆုံး ရေအားလျှပ်စစ်ရေကာတာကို သိမ်းပိုက်လိုက်တဲ့ အိုင်စစ်
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ အီရတ်နိုင်ငံ ရဲ့ အကြီးဆုံးရေ အားလျှပ်စစ်ထုတ် ရေကာတာကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကြေညာထား ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ အီရတ်၊ ဆီးရီးယား နဲ့ တူရကီ နယ်စပ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ အဖွဲ့ရဲ့ တွစ်တာအကောင့်မှာ တနင်္ဂနွေနေ့ တုန်းက ဖော်ပြ ခဲ့ပါတယ်။



အိုင်စစ်အဖွဲ့ဟာ အီရတ်နိုင်ငံ၊ တိဂရစ်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရေအား လျှပ်စစ်ထုတ် ရေကာတာကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ ရေကာတာကို ကာကွယ် နေတဲ့ ခါဒစ်အဖွဲ့ က တနင်္ဂနွေနေ့မှာ ဖော်ပြထားပါတယ်။ အဲဒီရေကာတာဟာ မိုဆူးမြို့ တောင်ဘက် ၅၀ ကီလိုမီတာ အကွာမှာတည်ရှိပြီး မိုဆူးမြို့ကို အဓိက ဓာတ်အားပေးပေးပို့နေတဲ့ ရေကာတာ လည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံ အစိတ်အပိုင်းတွေကို အကြမ်းဖက်အဖွဲ့က သိမ်းပိုက် ထားပြီး နိုင်ငံတကာ က ခေါင်းဆောင်တွေဟာ အီရတ်အစိုးရအဖွဲ့ ၀င်အားလုံးကို အရေးပေါ် ပူးပေါင်းပြီး စစ်တပ်ကို အကူအညီပေးနိုင်ဖို့ တိုက်တွန်းနေပါတယ်။ 


No comments:

Post a Comment

back to top