Wednesday, August 6, 2014

(၂၀၁၆) အိုလံပစ်အတွက် ပြင်ဆင်မှု ပိုမိုကောင်းမွန်


IOCခေါ် နိုင်ငံတာ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဂျွန်ကုတ်စ်က (၂၀၁၆)ခုနှစ် ရီယိုအိုလံပစ်အတွက် ပြင်ဆင်မှုဟာ အရင်ထက်စာရင် အများကြီး ကောင်းမွန်လာပြီလို့ ပြောကြားပါတယ်။
ပြီးခဲ့တဲ့ဧပြီလက အဆိုးဝါးဆုံး အိုလံပစ်ပြင်ဆင်မှုလို့ သူကိုယ်တိုင် နာမည်ဆိုး တပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အများကြီး ပိုကောင်းလာပါပြီလို့ ဂျွန်ကုတ်စ်က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ "ကျွန်တော်ဟိုမှာတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အိုင်အိုစီကို ရောက်လာတဲ့ အစီရင်ခံစာ အားလုံးက ကောင်းပါတယ်။ ကျွန်တော်တို့က လေဆိပ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတာ။ အဲဒါတွေအားလုံးလည်း စီမံလုပ်ကိုင်နေပါပြီ။ သယ်ယူပို့ဆောင်ရေးကလည်း စီမံပြီးသွားပါပြီ။ မတူတာက သူတို့က အားကစား သမားတွေကို ဟိုတယ်တွေမှာထားမယ်။ ပြိုင်ပွဲရှိတဲ့ နေရာတွေကို အသင်းလိုက် ဘတ်စကားတွေနဲ့ ပို့ပေးမယ်။ အခုစမ်းသပ် အားကစားပွဲတွေကို ရီယိုဒီဂျနေရိုမြို့မှာ လုပ်ပါမယ်။ အဲဒီပွဲတွေ ကျင်းပပုံကို ကျွန်တော်တို့ အားကစားဒါရိုက်တာက ကြည့်ရှုစစ်ဆေးပြီး စက်တင်ဘာလကုန်မှာ အစီရင်ခံရပါမယ်။ အများကြီးတော့ ကောင်းလာပါပြီ"လို့ ပြောပါတယ်။ သြစတြေးလျနိုင်ငံသား ဂျွန်ကုတ်စ်ဟာ အိုင်အိုစီရဲ့ ရီယိုအိုလံပစ် ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ပါတယ်။ ရီယိုပြိုင်ပွဲဝင်မယ့် သြစတြေးလျ အဖွဲ့ခေါင်းဆောင် ကစ်တီချီလာကတော့ "ကိုပိုကာဘာနာမှာ ကျင်းပမယ့် အားကစားနည်း (၇)ခုအတွက် ပြဿနာနည်းနည်း ရှိပါတယ်။ ရီယိုမှာ ကျွန်မတို့မသိတဲ့ နေရာတွေ ရှိပါသေးတယ်။ ကျွန်မတို့ သြစတြေးလျ အသင်းကတော့ ဆုတံဆိပ်ရရှိမှုမှာ ထိပ်တန်း(၅)သင်း စာရင်းဝင်ဖို့ ကြိုးစားနေပါတယ်"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top