Thursday, August 7, 2014

ပရိသတ်ကိုပစ်ထားသလိုဖြစ်ရင် တောင်းပန်းပါတယ်ဆိုတဲ့ ဆူင်္ဇီ

သီချင်း အေးအေးချိုချိုများကို သီဆိုလေ့ရှိသူ ဆူဇီက “တတိယရင်ခုန်သံ ဆိုသော MTV ကို ရိုက်ကူးနေကာ ယခင်က ပရိသတ်ကို ပစ်ထား မိသလိုဖြစ်သွားသည့်အတွက် တောင်းပန်ကြောင်း ပြောသည်။
ဆူဇီက အခု MTV  ရိုက်နေတယ်။ လေးငါးပုဒ် လောက်တော့ ပြီးနေပြီ၊ အောက်တိုဘာလောက် ထွက်မယ်လို့ ခန့်မှန်းထားတယ်။  အခွေထဲမှာ တော့ Pop သီချင်းတွေရယ်၊ အတွဲသီချင်း မြူးမြူးလေးတွေ လည်း ပါပါတယ်။ ပရိသတ် ရိုးသွားမှာစိုးလို့ ဆန်းအောင်တော့ လုပ်ထားပါတယ်။ Snare နဲ့ ရိုက်ထားတဲ့ သီချင်းလေးကတော့ ထူးခြားမယ်လို့ ထင်ပါတယ်။ ဆူဇီကိုယ်တိုင်လည်း သရုပ်ဆောင်ထားတဲ့ ဟာတွေရှိပါတယ်။ တခြား သရုပ်ဆောင်တွေ နဲ့လည်း ဆန်းအောင်လုပ်ထားပါတယ်။ ဆူဇီတို့ အနေနဲ့ ပရိသတ်အတွက် သီချင်းသစ်တွေလုပ်ရမယ်။ ကိုယ်ကနာမည်ရပြီးသား၊ ပရိသတ်လက်ခံပြီးသား ဆိုပေမယ့် ဖန်တီးမှုအသစ်တွေ လုပ်ကိုလုပ်ရမယ်။ အမြဲတမ်း အနုပညာလှုပ်ရှားမှုတွေ လုပ်ပြီး ပရိသတ်နဲ့ အဆက်မပြတ်အောင် လုပ်ရပါတယ်။ အရင် တုန်းကဆိုရင် Rap တွေဆိုရင် သိပ်လက်မခံကြဘူး။ အခုတော့ ကြိုက်လာကြပြီလေ။ တစ်နိုင်ငံလုံး ပြောင်းလဲနေချိန်မှာ ကိုယ်ကလည်း ပြောင်းလဲရမယ်။ ဆူဇီက Pock ၊ Pop ၊အော်တာနေး တစ်လည်းကြိုက်တာပဲ။ Music ပေါင်းစုံ နားထောင်ပါတယ်။ အမြဲတမ်းတော့ လေ့လာနေရတာပါပဲ။ ၂၀၀၇-၂၀၀၈ တုန်းကလည်း နိုင်ငံခြားကို ထွက်ပြီးပညာသွား သင်တဲ့ အတွက် ပရိ သတ်နဲ့ နည်းနည်း အဆက်ပြတ်သလိုဖြစ်သွားတယ်။ ဒီကြားထဲမှာတော့ တွေ့ကြတဲ့ အတိုင်း ဆိုတဲ့ အခွေလေးတစ်ခွေတော့ ထွက်လိုက်သေးတယ်။ ပရိသတ်က သိပ်မသိလိုက်ဘူး။  ပရိသတ်ကို ပစ်ထားသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လာဦးမှာပါ ဟု ဆူဇီက ပြောသည်။ ဆူဇီသည် “ရတုဆက်ဆက်” ၊ “မိုး ဘယ်မှာရွာနေလဲ” သီချင်းများ ဖြင့် ပရိသတ်လက် ခံအားပေးခဲ့သည့် အဆိုတော်တစ်ဦးဖြစ်သည်။

No comments:

Post a Comment

back to top