Thursday, August 7, 2014

GSM ဟန်းဆက်တိုင်း၌ ထည့်သွင်းအသုံးပြုနိုင်မည့် တယ်လီနောဆင်းမ်ကတ်များ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ဖြင့် ကတ်အရေအတွက် သန်းချီရောင်းချပေးမည်
တယ်လီနောဆင်းမ်ကတ်မှာGSM ဟန်းဆက်အားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စက်တင်ဘာလ အတွင်း ကျပ် ၁၅ဝဝ ဖြင့် ကတ်အရေအတွက်သန်းချီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။
“အခုလက်ရှိမှာ ဆက်သွယ်ရေးချိတ် ဆက်မှုမရရှိသေးတဲ့သူတွေ အတွက်လည်း မိုဘိုင်းဝန်ဆောင်မှုကို ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်လည်း 3G နဲ့ 2G ကွန်ရက်ကို မြန်မာနိုင်ငံအတွက် တည်ဆောက်ရတာ ဖြစ်ပါတယ်။2G မိုဘိုင်းဖုန်းတွေက3G  မိုဘိုင်းဖုန်းတွေထက် ဈေးပိုသက်သာပါတယ်။ အားလုံး အတွက် လက်လှမ်းမီတဲ့ဈေးနှုန်းမျိုးဖြစ်ဖို့က အရေးကြီးပါတယ်။ ဘယ် GSM ဖုန်းမဆို တယ်လီနောဆင်းမ်ကတ် ထည့်သုံးလို့ရမှာဖြစ်ပြီး ဆင်းမ်ကတ်တွေကို သန်းနဲ့ချီ ရောင်းချပေးမှာဖြစ်လို့ ဘယ်သူမှ ကျပ် ၁၅ဝဝ ထက်ပိုပြီး ပေးဝယ်စရာ မလိုပါဘူး” ဟု တယ်လီနောမြန်မာ၏ CEO Mr.Petter Furbergက ပြောကြားသည်။

တယ်လီနောမြန်မာ အနေဖြင့် Wikipedia Zero, Executive MBA Program, Marie Stopes International Myanmarနှင့်ပူးပေါင်းပြီး mHealthမိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှု၊ ပြည်တွင်းနှင့် နိုင်ငံခြားကို ငွေလွှဲပို့နိုင်မည့် ဝန်ဆောင်မှုတို့ကို ပေးနိုင်ရန်လည်း စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင်တယ်လီနောသည် အင်တာနက်ပေါ်၌ မြန်မာဘာသာစကားဖြင့် လေ့လာဖတ်ရှု အသုံးပြုနိုင်မည့် အကြောင်းအရာများ ယခုထက်ပိုမိုတိုးတက် များပြားလာစေရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တယ်လီနောနှင့် လက်တွဲထားသော ဆမ်ဆောင်းကလည်း ယူနီကုတ်နှင့် ဇော်ဂျီပါ အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
တယ်လီနောက ဖုန်းခေါ်ဆိုခနှုန်းထားကို တစ်မိနစ်လျှင် ၂၅ ကျပ်သာ တစ်ပြေးညီသတ်မှတ်ရန် စီစဉ်နေပြီး ဆင်းမ်ကတ်နှင့် မိုဘိုင်းဟန်းဆက်ကို တစ်ပါတည်း ပူးတွဲရောင်းချမည့် အစီအစဉ်များလည်း ပါဝင်နိုင်ကြောင်း သိရသည်။   

Ref,eleven media group             

No comments:

Post a Comment

back to top