Thursday, August 7, 2014

အီဘိုလာစမ်းသပ်ဆေးဝါးအတွက် ဆွေးနွေးရန် တိုင်းရင်းသားများအား WHO ဆင့်ခေါ်

အီဘိုလာဗိုင်းရပ် ကူးစက်ပျံ့နှံ့လျှက်ရှိသော အနောက်အာဖရိကတွင် စမ်းသပ်ကုထုံးတစ်ခုအသုံးပြုနိုင်ရန် လာမည့် သီတင်းပတ်တွင် တိုင်းရင်းလူမျိုးစုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ သြဂုတ်လ (၆) ရက်၊ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။


အဆိုပါကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံ Samaritan's Purse လူမှုကူညီရေးအဖွဲ့မှ ကျန်းမာရေး လုပ်သားနှစ်ဦးအား ဆေးဝါးများနှင့်ကုသမှုပြုရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မည်သည့်စမ်းသပ်မှုမှ မပြုလုပ်ရသေးပဲ လူအများအတွက် လုံခြုံစိတ်ချရမှုရှိမရှိလည်း မသိရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှပြောကြားခဲ့သည်။

အီဘိုဘာကူးစက်ခံခဲ့ရသူနှစ်ဦးဖြစ်သည့် Kent Brantly နှင့် Nancy တို့ နှစ်ဦးအား အမေရိကန်နိုင်ငံသို့ အလျင်အမြန်ပြန်လည်ခေါ်ဆောင်လာကာ အရေးပေါ်ဆေးကုမှုများ ကျပ်ကျပ်မတ်မတ်ပြုလုပ်ခဲ့ပြီး၊ ZMapp ခေါ် စမ်းသပ်ဆေးဝါးပေး၍ကုသစေခဲ့ကြောင်း သိရသည်။ နှစ်ဦးစလုံးတွင် ကျန်းမာရေးအခြေ အနေ တိုးတက်သောလက္ခဏာများပြသလာကြောင်းနှင့် ၄င်းတို့အား Georgia ပြည်နယ် Atlanta ဆေးရုံ တွင် သီးသန့်ထားရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top