Tuesday, August 12, 2014

တူရကီ နိုင်ငံ အစိုးရသစ် ဖွဲ့စည်းရန် အတွက် သမ္မတသစ် အယ်ဒိုဂန်၏ ပါတီက စတင် ဆွေးနွေး

တူရကီနိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရီဆပ်တေရစ်အယ်ဒိုဂန်က အနိုင်ရရှိခဲ့ပြီးနောက်  ၎င်း၏ AK  အာဏာရပါတီသည်  အစိုးရအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရန်အတွက်သြဂုတ် ၁၁ ရက်က ဆွေးနွေးပွဲများကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။ လက်ရှိ တူရကီဝန်ကြီးချုပ် အယ်ဒိုဂန်သည် သြဂုတ် ၁ဝ  ရက်က ကျင်းပ ခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ပြီးနောက် သြဂုတ် ၂၃ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အယ်ဒိုဂန်သည် ဝန်ကြီးချုပ်သစ်နှင့် ပါတီ ခေါင်းဆောင်သစ်များအား ရွေးချယ်ခန့်အပ်ရာတွင် ၎င်းအပေါ်သစ္စာရှိသည့် ပါတီ အဖွဲ့ဝင်များကိုသာ ရွေးချယ်သွား ဖွယ်ရှိကြောင်း  သိရသည်။ ယခုအချိန် အခါသမယသည် တူရကီနိုင်ငံ အတွက် သမိုင်းမှတ်တိုင် တင်နိုင်သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး မိမိအနေဖြင့် နိုင်ငံ၏ အနာဂတ်သစ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း အသက် ၆ဝ နှစ်အရွယ်ရှိ သမ္မတသစ် အယ်ဒိုဂန်က အန်ကာရာမြို့ရှိ AK  ပါတီဌာနချုပ် ၌ ပြုလုပ်သော မိန့်ခွန်း တစ်ခုတွင် ထောက်ခံသူများကို ပြောကြားခဲ့သည်။ 


No comments:

Post a Comment

back to top