ဥရောပ စူပါဖလားကို မောင့်စနိုးဒေါင်း တောင်ထိပ်မှာ ပြသဖို့ သယ်ဆောင်
ဥရောပ စူပါလိဂ်ပွဲအကြို ကြိုတင် ပြင်ဆင်မှုတစ်ရပ်ဖြစ်တဲ့ ဆုဖလားပြသရေး အစီအစဉ်အတွက် တာဝန်ရှိသူတွေဟာ တနင်္လာနေ့က ဝေးလ်ပြည်နယ်၊ မောင့်စနိုးဒေါင်း တောင်ထိပ်ကို ကောင်းကင်ရထားနဲ့ ဆုဖလား သယ်ဆောင်ကြပါတယ်။ မောင့်စနိုးဒေါင်းဟာ ဝေးလ်ပြည်နယ်အတွင်းမှာ အမြင့်ဆုံး တောင်ထိပ်ဖြစ်ပြီး ထူးခြားတဲ့ အစီအစဉ် တစ်ရပ်အနေနဲ့ အခုလို ပြသတာ ဖြစ်ပါတယ်။ ဒီနှစ် ဥရောပစူပါဖလားပွဲကို သြဂုတ်လ(၁၂)ရက်နေ့၊ ကာဒစ်ဖ်မြို့မှာ ကျင်းပမှာပါ။ အဲဒီပွဲကို ချန်ပီယံ လိဂ်ချန်ပီယံ ရီရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ ကစားရမှာ ဖြစ်ပါတယ်။ မနှစ်ကပွဲမှာတော့ ဘိုင်ယန် မြူးနစ်က ချဲလ်ဆီးကို ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။

No comments:
Post a Comment