အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး အိန္ဒိယ-အာဆီယံ အစည်းအဝေး တက်ရောက်မည်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj သည် မြန်မာနိုင်ငံသို့ ယခုလ ၈ ရက်မှ ၁၁ ရက်အထိ လာရောက်မည်ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည့် အိန္ဒိယအာဆီယံနိုင်ငံခြားရေးန်ကြီးများ အစည်း အဝေး တက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယခုခရီးစဉ်သည် Sushma Swaraj အတွက် စတုတ္ထအကြိမ်မြောက် ပြင်ပခရီးစဉ်ဖြစ်ကြောင်း၊ ယခုလ ၉ ရက်တွင် (၁၂) ကြိမ်မြောက် အိန္ဒိယအာဆီယံအစည်းအဝေးကိုလည်းကောင်း၊ ယခုလ ၁၀ ရက် နံနက်ပိုင်း တွင် အရှေ့အာရှဆွေးနွေးပွဲကိုလည်းကောင်း၊ ညနေပိုင်းတွင် (၂၁) ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ်ကိုလည်းကောင်းတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းအနေဖြင့် မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်လည်း တွေ့ခွင့်ရရန်မျှော်လင့်ထားကြောင်း အိန္ဒိနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

No comments:
Post a Comment