First Runner Upဆုအတွက် ကျေနပ်ပါတယ်လို့ဆိုလာသူ ယွန်းမှီမှီကျော်
မကြာသေးခင်ကမှ Miss Universe Myanmar 2014 မှာ First Runner Up ဆု ကို
ထိုက်တန်စွာ ရရှိခဲ့တဲ့ ယွန်းမှီမှီကျော် ကတော့ ဆုရပြီးကတည်း
ဓာတ်ပုံရိုက်တာကအစ Organization ကို ခွင့်တောင်းပြီး ဘာပဲလုပ်လုပ်
တာဝန်ရှိသူတွေကို အသိပေးပြီး သူမ၀ါသနာပါတဲ့ အနုပညာအလုပ်တွေကို
လုပ်ဆောင်နေသူပါ။ ခုလောလောဆယ် သရုပ်ဆောင်ဖက်ကို ကူးဖို့ လိုသေးတယ်လို့
ဖွင့်ဟလာတဲ့ ယွန်းမှီမှီကျော်က “ဖိုတို မော်ဒယ်လ် လုပ်နေရင်း First Runner
Up ရတဲ့အပေါ် မှာ ကြော်ငြာရိုက်တာတို့၊ ဓာတ်ပုံရိုက်တာတို့
အမ်တီဗီရိုက်တာတို့ကို တော့ လုပ်သွားမယ်။
သရုပ်ဆောင်ကတော့ လိုသေးတယ်ပေါ့နော်။ အကျိုးပြု ဇာတ်လမ်း
ရိုက်ဖို့ပြောထားတာရှိတယ်။ အဲဒါက Miss ရသွားတဲ့ လူတွေကြီးနဲ့ပဲပေါ့။
အဲ့ဒီတွက် Organizationကို ပြောထားတယ်ပေါ့နော်။ သရုပ်ဆောင်ပိုင်းဆိုတော့
ညီမလဲ စဉ်းစားနေတယ်။”လို့ ပြောပါတယ်။
သူမရဲ့ အချစ်ရေးကိုလည်း
“အချစ်ရေးကတော့ အဆင်ပြေပါတယ်။ ချစ်သူသက်တမ်းကတော့ တစ်နှစ်ကျော်ပါပြီ။ First
Runner Up ရတဲ့အတွက်လဲ ကျေနပ်ပါတယ်။ ညီမတို့ ကန့်သွင်းတုန်းက
အရမ်းပင်ပန်းတယ်။ အိပ်ချိန်က အရမ်းလိုတယ်။ ဖုန်းကိုင်ပြီး
အိပ်ပျော်သွားတာတွေလဲ ရှိတယ်။ အကယ်လို့ များပေါ့နော်။ ညီမသာ miss ရသွားလို့
သွားပြိုင်ရရင် ၂လလောက်ကြာမယ်။
အဲဒီခါကျရင် သူနဲ့ အဆက်အသွယ်ပြတ်နေလိမ့်မယ်တဲ့။ မရတာကောင်းတယ်လို့
သူကပြောတယ်။ ညီမကတော့ ပြိုင်တယ်ဆိုကတည်းက Miss တော့ လိုချင်တာပေါ့နော်။
အမေနဲ့အဖေကတော့ ဘာမှမပြော ပါဘူး။ သူတို့စိတ်ချမ်းသာအောင် ၀င်ပြိုင်ခဲ့တာပါ။
သူတို့လဲကျေနပ်ပါတယ်။” လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:
Post a Comment