Friday, August 8, 2014

အနုပညာရှင် တစ်ယောက်ဖြစ်နေတဲ့တွက် အပြင်လူကို ကြိုက်ရတာပဲကောင်းပါတယ်လို့ ဆိုတဲ့ ပစ်တိုင်းထောင်မလေး မိစန္ဒီ



 မကြာသေးခင်က ထွက်ရှိထားတဲ့ မိစန္ဒီရဲ့ ပစ်တိုင်းထောင်အခွေလေးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အခြေအနေကောင်းခဲ့သလို သူမရဲ့ အချစ်ရေးကလဲ ပရိသတ်တွေအတွက်စိတ်ဝင်စားစရာ စိတ်လှုပ်ရှား စရာတွေနဲ့ပြည့်နှက်နေပါတယ်။ ဒီတော့ သူမနဲ့တွေ့ဆုံခိုက် ပစ်တိုင်းထောင်အခွေအကြောင်းနဲ့ နှလုံးသားရေးရာကို မေးမြန်းကြည့်လိုက်တဲ့အခါ “ဒီအခွေလေး ထွက်ပြီးတော့ ပိုပြီးကြိုးစားချင်တဲ့စိတ်တွေ အရမ်းများလာပြန်တယ်။ ပရိသတ်တွေ အားပေးကြတဲ့အတွက်လဲ အရမ်းကို ကျေးဇူးတင်တယ်။ ရောင်းအားလဲ အရမ်းကောင်းတယ်။ အဲဒါတွေကြောင့် အမ်တီဗီမှာ ပရိသတ်ကြည့်ချင်စိတ်ဖြစ်အောင် အစွမ်းကုန် ကြိုးစားမယ်ပေါ့နော်။
မိုနိုပိုလီတုန်းကလဲ ပရိသတ်က အမ်တီဗီမှာ အရမ်းအားပေးကြတာဆိုတော့ ခုပစ်တိုင်းထောင်ကိုတော့ အကောင်းဆုံး အိုင်ဒီယာ ကောင်းကောင်းလေးနဲ့ ဒါရိုက်တာတွေနဲ့တိုင်ပင်ပြီး ကြိုးစားသွားပါမယ်။ ခု၂ ပုဒ်ရိုက်ပြီးသွားပြီ။ အလင်းရောင်၊ မိစန္ဒီရယ်၊ နှင်းယမုံဦးရယ်ပေါ့။ ၂ပုဒ်က ဆက်သွားတယ်။ ငါ့ ဆီပြန်ခဲ့ပါရယ် ၊ နှုတ်ခမ်းများသော့ခတ်ထားတယ်ရယ်က ဆက်သွားတယ်။ နှစ်ပုဒ်စလုံးက အသည်းကွဲ သီချင်းတွေကြီးပဲ။ ကွဲပုံချင်းမတူဘူး။ ဒါပေမဲ့ဇာတ်လမ်းလေးက အရမ်းစိတ်ဝင်စားဖို့ကောင်း တယ်။ ခန့်မှန်းရလဲသိပ်ခက်တယ်။ ခုချိန်ထိလဲ မပြီးသေးဘူး။ မေမြို့မှာ ၃ရက်သွားရိုက်ထားတာ၊ နှစ်ကဒ်၊ သုံးကဒ်ကျန်သေးတယ်။ ကျေးကျွန်က ဘယ်လိုရိုက်ရင်ကောင်းမလဲဆိုပြီး သေချာလေးကို စဉ်းစားနေ ရတယ်။ နီနီကိုလဲ ပါစေချင်တယ်။ ဖြစ်နိုင်ရင် အပြိုင်လေး ရိုက်ချင်တာပေါ့နော်။ ဒါပေမဲ့ သူအားတဲ့ရက် ကိုယ်အားတဲ့ရက်ကလဲ မတူမှာစိုးလို့အားနာနေရလို့ ချိန်နေရမှာပေါ့နော်”လို့ ပစ်တိုင်းထောင် MTV ရိုက်ကူးရေးတစ်ချို့အကြောင်းကို ဖွင့်ဟသွားပါတယ်။
 သူမရဲ့အချစ်ရေးကိုတော့ သူမက “အချစ်ရေးကရှိပါတယ်။ အပြင်ကပါပဲ။ ဒါပေမဲ့ အမေဆူမှာ စိုးလို့လေ။ အနုပညာလောကနဲ့အပြင်ကဆို ဘယ်လိုကွာခြားမလဲဆိုတော့ ကိုယ်လဲ ကိုယ်ချင်းစာတယ်။ ကိုယ်ရဲ့ရည်းစားကို သူများတွေက ၀ိုင်းကြိုက်နေကြတာဆိုတော့ ရင်ထဲမှာ တစ်မျိုးတော့ဖြစ်မှာပေါ့လေ။ အနုပညာနဲ့ပတ်သက်ရင်တော့ နားလည်မှုရှိတာပေါ့။ ကောင်မလေးတွေကြိုက်တဲ့ သည်းသည်းလှုပ် အနုပညာရှင်ဆိုရင်တော့ သေရောပဲ။ အပြင်လူကျတော့လဲ အလုပ်လုပ်တဲ့ အပိုင်းကို သိပ်နားမလည်ဘူး။ ဒါပေမဲ့ အပြင်လူကြိုက်ရတာပဲ ကောင်းပါတယ်”တဲ့။

No comments:

Post a Comment

back to top