Education Channel ယခုနှစ်ဒီဇင်ဘာလမှာ စတင်ထုတ်လွှင့်မည်
Forever Group ကုမ္ပဏီနဲ့ MMDC သင်တန်းကျောင်းတို့ ပူးပေါင်းရိုက်ကူးပြီး ပညာရေးဝန်ကြီးဌာနက စီစဉ်တင်ဆက်မယ့် Education Channel ကိုလာမယ့်ဒီဇင်ဘာလမှာ ထုတ်လွှင့်သွားမည်ဖြစ်ကြောငာင်း သိရသည်။ Education Channel ထုတ်လွှင့်ပြသဖို့ကို Forever Group၊ MMDC တို့နဲ့ပူးပေါင်းကာ မြန်မာနိုင်ငံ ပညာရေးသုတေသမှ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးကို ဇွန်လ(၂)ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့ အထိ သင်တန်းပေးခဲံကြောင်း သိရသည်။
အဆိုပါ Education Channel ရိုက်ကူးထုတ်လုပ်ရေးသင်တန်းမှာ သင်တန်းကာလ (၂)လအတွင်း ဘာသာရပ် ၁၀ ခုကိုစာတွေ့လက်တွေ့ သင်ကြားပေးခဲ့တာဖြစ်ပြီး အဲ့ဒီသင်တန်း တက်ရောက်တဲ့အပေါ်မှာ အတွေ့ အကြုံ တွေကိုလည်း သင်တန်းသားတွေက ပြောပြခဲ့ပါတယ်။
ဒါ့အပြင်ယခုလက်ရှိမှာ ပညာရေးဝန်ကြီးဌာနနဲ့ MRTV-4 ရုပ်သံလိုင်းတို့မှ ပူးပေါင်းတင်ဆက်တဲ့ Education on Talk အစီအစဉ်ကို စနေနေနဲ့တနင်္ဂနွေနေ့တို့မှ ထုတ်လွှင့်နေပြီဖြစ်ပြီး မကြာခင် ထုတ်လွှင့်မယ့် Education Channel ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနဲ့ ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီမှ ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အသုံးစရိတ် မလုံလောက်သေးတဲ့အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍတို့မှ ကူညီမှုဖြင့် မူကြိုပညာရေး၊ အခြေခံပညာရေးတို့ကို မြန်ဆန်စွာတိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိတယ်လို့သိရပါတယ်။
ref;mrtv-4
No comments:
Post a Comment