Friday, August 8, 2014

အသက် ၂၅နှစ်ကျော်မှ အချစ်ရေးကို စဉ်စားမယ်လို့ဖွင့်ဟလိုက်တဲ့ နန်းသူဇာ 


 ဖိုတို မော်ဒယ်အပြင် ဂီတဖက်ပါ လိုက်ပါစီးမျောလာတဲ့ နန်းသူဇာရဲ့ အမ်တီဗီခွေလေးက ၆ပုဒ် လောက်ပြီးနေပြီလို့သိရတာကြောင့် သူမရဲ့တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုလေးနဲ့ အတူ သူမနဲ့ကျော်ထွဋ်ဆွေတို့ရဲ့ အချစ်ရေးကို မေးမြန်းဖြစ်သမျှကတော့ “ခုနန်းသူဇာတို့ရဲ့ အမ်တီဗီခွေလေးက နန်းမြတ်ရော၊ နန်းသူဇာရောဆို ၆ပုဒ်လောက်ရိုက်ပြီးသွားပြီပေါ့။ ဒီအမ်တီဗီမှာတော့ နန်းမြတ်က မင်းသမီးဆို တော့ သူ့ကို တော့ မပြိုင်ရဲပါဘူး။ နန်းသူဇာ အကြိုက်ဆုံးတစ်ပုဒ်ပဲ သရုပ်ဆောင်မှာပါ။ ကျန်တာကတော့ ပျော်နေတဲ့ပုံလေးတွေနဲ့ အဆို ကဒ်တွေလောက်ပဲ နန်းသူဇာက ပါမှာပါ။ တခြားအပုဒ်တွေကတော့ နန်းသူဇာမင်းသားတွေ၊ မင်းသမီးတွေကို လျှောက်တွဲပေးထားတယ်။ နန်းသူဇာ ခု ကြိုးစားနေတဲ့ အမ်တီဗီခွေလေး ထွက်ပြီးသွားရင် တစ်ကိုယ်တော်ခွေတွက် နန်းသူဇာ လုပ်မှာပါ။ အခုကတည်းက သီချင်းတွေ စုနေပါတယ်။ ဒီအခွေမှာ နန်းသူဇာတို့ ထင်ထားတာထက် ပိုအားပေးခဲ့လို့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့ဒါကြောင့်လဲ တစ်ကိုယ်တော်ခွေထုတ်ဖို့ တွက် အားတွေဖြစ်ရတာပါ။ ရှိုးတွေမှာလဲ သီချင်းတွေအများကြီး ဆိုနိုင်အောင်ကြိုးစားသွားမှာပါ။ ခုဆို အမ်တီဗီတွေတော်တော်များများက ဒရာမာပုံစံလေးတွေရိုက်ကြတာများတော့လေ အဲ့လိုပုံစံလေးတွေရိုက်မယ်။ နန်းသူဇာသရုပ်ဆောင်မဲ့ တစ်ပုဒ်ကို ဒရာမာပုံစံဆန်းဆန်းလေးရိုက် ဖို့စဉ်းစားထားပါတယ်။ အဲ့တစ်ပုဒ်ကတော့ နန်းသူဇာတွက် အရမ်းထူးဆန်းတယ်။” လို့ သူမက ပြောပြသွားပါတယ်။
အားလုံးသိပြီးသား ရက်ပ်ပါ ကျော်ထွဋ်ဆွေနဲ့ မေတ္တာမျှနေတဲ့ သူမရဲ့အချစ်ရေးကိုတော့ သူမက“အချစ်ရေးက အေးဆေးပါပဲ။ သက်တမ်းကတော့ ၃ နှစ်ခွဲကျော်ပြီပေါ့နော်။ သူ့ကိုတော့ နားလည်ပေးရ တာပေါ့နော်။ သူကတစ်ခါတစ်လေဆို ရိုမန့်တစ်လဲမဆန်ဘူး။ ဘာမှကို မရှိတာ။ ဘာပဲဖြစ်ဖြစ် နားလည်မှုနဲ့ပဲသွားရတာပေါ့နော်။ ဘယ်သူပိုချစ်လဲဆိုတာတော့ သိပ်မပြောတတ်ဘူး။ သူ့ဖက်ကသူတွေကလဲ သူပိုချစ်တယ်ပေါ့။ ကိုယ့်ဖက်ကသူတွေကလဲ ကိုယ်ပိုချစ်တယ်ပေါ့။ အိမ်ထောင်ရေးက နန်းသူဇာ ၂၅ ကျော်မှပဲ သေချာစဉ်းစားမှာပါ။ ခု အသက်အရွယ်ကတော့ ပိုက်ဆံရှာ တုန်းပေါ့နော်။ အိမ်ထောင်ရေးဆိုတာ ခုဆိုရင် အိမ်ကအဖေနဲ့ အမေနဲ့အိမ်ထောင်ရေးကို အရမ်းအား ကျတယ်။ မိသားစုဆိုတာလဲ ဘ၀တွက်အရမ်းအရေးပါတယ်လေ။ ပျော်ရွှင်သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးဖြစ်အောင်လဲ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ပရိသတ်ကြီးကို ပြောချင်တာကတော့ အမ်တီဗီ ထွက်လာရင်လဲ အားပေးကြပါဦးလို့၊ ပရိုမိုးရှင်းပွဲကို လဲလာရောက်ပေးကြပါဦးလို့၊ စက်တင်ဘာ ပထမပတ် လောက်ထွက်နိုင်အောင် ကြိုးစားနေပါတယ်” တဲ့။

No comments:

Post a Comment

back to top