Tuesday, August 5, 2014

စီးတီးအိုးပင်း အမျိုးသား ချန်ပီယံဆုကို ရာအိုနစ် ရရှိ



အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့မှာ တနင်္ဂနွေနေ့က ကစားတဲ့ စီးတီးအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကနေဒါ တင်းနစ်သမား မီလို့စ်ရာအိုနစ် ဗိုလ်စွဲသွားပါတယ်။ ဒီနှစ် အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲက ကနေဒါနိုင်ငံသား(၂)ဦး တွေ့ကြတဲ့ ပထမဆုံး ဗိုလ်လုပွဲဖြစ်ပြီး ဆီဒင်အဆင့်(၂) ရထားတဲ့ ရာအိုနစ်က ပို့စ်ပီစီကို(၆း၁၊၆း၎)နဲ့ အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့အတွက် အသက်(၂၃)နှစ်ရှိ ရာအိုနစ်ဟာ ကမ္ဘာ့အဆင့်(၇)ကနေ (၆)ကို မြင့်တက်ဖို့ ရှိနေပါတယ်။

No comments:

Post a Comment

back to top