စတန်းဖို့ဒ် ကလပ်စစ် အမျိုးသမီး ချန်ပီယံဆုကို ဆီရီနာဝီလျံ ရရှိ
တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ်မြို့မှာ ပြီးစီးသွားတဲ့ စတန်းဖို့ဒ်ကလပ်စစ် တင်းနစ်ပြိုင်ပွဲမှာ အမျိုးသမီး ချန်ပီယံဆုကို အမေရိကန် တင်းနစ်မယ် ဆီရီနာဝီလျံ ရရှိသွားပါတယ်။ အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်(၁) ဆီရီနာက ဂျာမနီတင်းနစ်မယ် အင်ဂျလင်းကာဘာကို (၇း၆၊၆း၃)နဲ့ အနိုင်သွားတာ ဖြစ်ပါတယ်။
ဆီရီနာအတွက်တော့ စတန်းဖို့ဒ် ချန်ပီယံဆုကို တတိယအကြိမ်မြောက် ရယူနိုင်တာဖြစ်ပြီး ဒီရာသီမှာ သူရယူခဲ့တဲ့ ချန်ပီယံဆုက ဒီဆုနဲ့ဆိုရင် (၄)ခုရှိပါပြီ။ သြဂုတ်(၂၅)ရက်မှာ ယူအက်စ်အိုးပင်းပြိုင်ပွဲ စတင်မှာဖြစ်လို့ ဆီရီနာ အခုလို လက်စွမ်းပြန်ပြနိုင်တာဟာ အချိန်ကောင်းပါပဲ။ ကာဘာကတော့ ဒီ(၂၀၁၄)အတွင်းမှာ ဒီဗိုလ်လုပွဲက စတုတ္ထအကြိမ် ရှုံးရတဲ့ တစ်ဦးချင်း ဗိုလ်လုပွဲဖြစ်ပေမယ့် ချန်ပီယံဆု ရယူနိုင်ဖို့ကိုတော့ မျှော်မှန်းထားပါတယ်။
No comments:
Post a Comment