Thursday, August 14, 2014

 ချင်းပြည်နယ်တွင် ပုံဖော်မည့် သံမဏိလိပ်ပြာ


သံမဏိလိပ်ပြာ အမ်တီဗီအတွက် တစ်ခွေလုံးနီးပါးကို ချင်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့်သာ ပုံဖော်ရိုက်ကူးသွားမည်ဖြစ်ကြောင်း အဆိုတော် လင်းလင်းကပြောသည်။ ‘‘အကြောင်းအရာက တစ်ချက်တည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံ ပိုင်နက်ထဲက၊ ကိုယ့်နိုင်ငံအတွင်းထဲက လူမြင်ကွင်းမှာ အမြင်နည်းနေတဲ့ အရာပေါ့။ သွားလာရ ခက်ခဲပြီးတော့ အမ်တီဗီ၊ ဗီစီဒီတွေကို လည်း မရိုက်ကြဘူးပေါ့။ ကိုယ် လုပ်နိုင်တဲ့ အားလေးနဲ့ ဒီနေရာ၊ ရှုခင်းတွေကို အခွေလေး ထဲမှာ ကိုယ့်ရဲ့ သမိုင်းတစ်ခုလည်း ကျန်တယ်။ ကိုယ့်ရဲ့ပရိသတ်လည်း မြင်ရတဲ့အတွက်  ရလဒ်တွေ ကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက် ပေါ့’’ဟု လင်းလင်းက ပြောသည်။
ပြီးခဲ့သည့်   ဇူလိုင်လက ချင်း ပြည်နယ်နေရာအနှံ့သို့ သွားရောက်၍ ချင်းတိုင်းရင်းသား၏ ရိုးရာလူနေမှု ပုံစံ၊ နေမှုထိုင်မှု အ လေ့အကျင့်များ၊ မြေနေရာရသ လို တည်ထားသော ရွာလေးများ တွင် ၎င်းတို့ တစ်နေ့တာ ဖြတ်သန်းမှုများအပြင် သဘာဝရှုခင်းများကို အဓိကဇောင်းပေးကာ ရိုက်ကူးခဲ့ပြီး တစ်ခွေလုံးကို ဒါရိုက်တာ ကိုမင်းထွန်းတစ်ဦးတည်းကသာ ရိုက်ကူးမည်ဖြစ်ကြောင်း လင်းလင်းက ပြောသည်။
ပရိသတ်၏ အာရုံစိုက်ခြင်းကိုခံခဲ့ရသော သီချင်းများဖြစ် သည့် သံမဏိလိပ်ပြာ၊ အိပ်မက် ထဲက စစ်သားကြီး သီချင်းနှစ်ပုဒ် ကို မည်သည့်ပုံစံဖြင့် ရိုက်ကူးမည်ဟူသည့် အိုင်ဒီယာကို တချို့တစ်ဝက်သာ ရရှိသေးပြီး အရေးကြီးဆုံး   သီချင်းနှစ်ပုဒ်ဖြစ်သည့်အတွက် နောက်ဆုံးမှ ရိုက်ကူးမည်ဟု လင်းလင်းကဆိုသည်။
လင်းလင်းသည် Dream Lover တီးဝိုင်းနှင့်အတူ ချင်းပြည်နယ်သို့ သွားရောက်ကာ စီးရီးခွေ ၏ သီချင်းပုဒ်ရေ ထက်ဝက်ခန့်ကို  ရိုက်ကူးခဲ့ပြီး နောက်ထပ်တစ် ခေါက်  ချင်းပြည်နယ်သို့ ထပ်မံ သွားရောက် ကာ ရိုက်ကူးဦးမည် ဟု ဆိုသည်။
‘‘အခွေမှာ တီးဝိုင်းနဲ့ ကျွန် တော်ပဲ ပါမယ်။ ကျွန်တော်လည်း အဓိကမဟုတ်ဘူး။ တခြားသရုပ်ဆောင် ဘယ်သူမှလည်း မခေါ် ဘူး။ ဘယ်သူမှလည်း မပါဘူး။ သူတို့ဟာလေးတွေကိုပဲ တစ်ခွေလုံး အဓိကဇောင်းပေးပြီး ရိုက်တာပါ’’ ဟု လင်းလင်းက အခွေ ရိုက်ကူးမှုနှင့်ပတ်သက်၍ ပြော သည်။

No comments:

Post a Comment

back to top