KCON 2014 ဖျော်ဖြေပွဲ ဒုတိယရက်တွင် KCON 2014 အဖွဲ့ သီဆို ဖျော်ဖြေမည်
နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ကိုရီးယား ဂီတပွဲတော်ကြီး တစ်ခုဖြစ်သော KCON 2014 ဖျော်ဖြေပွဲ အခမ်းအနား၏ ဒုတိယနေ့တွင်တောင်ကိုရီးယား ဂီတ အကျော်အမော်များ
ဖြစ်ကြသော Girls' Generation အဖွဲ့၊ CNBLUE အဖွဲ့၊ SPICA အဖွဲ့နှင့်
ဂျွန်ဂျုံယောင်းတို့ အပြင် အခြား နာမည်ကြီးဂီတပညာရှင်များ က ဖျော်ဖြေ တင်ဆက်
သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲ အခမ်းအနားသို့
တက်ရောက်လာသည့် ပရိသတ်များသည် Girls' Generation အဖွဲ့၏ သီဆို
ကပြမှုများကို တွေ့မြင်ရသည့် အပြင် အခြား အနုပညာ ကယ်ပွင့်များနှင့်လည်း
စကားပြောဆို မိတ်ဆက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။
KCON 2014 ဖျော်ဖြေပွဲ အခမ်းအနား၏ ဒုတိယနေ့တွင် မျက်နှာသစ် အဆိုအဖွဲ့ အဖြစ် ဘသပ ဘညေိ တစ်ခုဖြစ်သော boy band အဖွဲ့က ဖျော်ဖြေခဲ့သည်။
KCON 2014 ဖျော်ဖြေပွဲကြီးတွင် မိမိတို့
အဖွဲ့ ပါဝင် ဖျော်ဖြေခွင့် ရခြင်းကြောင့် အလွန်ဂုဏ်ယူမိကြောင်း၊ ပရိသတ်
များနှင့် တိုက်ရိုက် တွေ့ဆုံပြီး မိတ်ဆက်ခွင့် ရရှိခြင်းကြောင့်
အလွန်စိတ်လှုပ်ရှား မိကြောင်း BTS အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ Rap Monster က
ပြောကြားသည်။
KCON ဂီတပွဲတော်ကြီးကို ၂ဝ၁၂ ခုနှစ် တွင်
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၌ စတင် ကျင်းပခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment