မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည် တရုတ်အစိုးရ ထုတ်ဖော်ပြသ
တရုတ်အစိုးရသည် အကွာအဝေး ကီလိုမီတာ ၁၂ဝဝဝ အထိ ပစ်ခတ် နိုင်သော မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်ကို ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။
အစိုးရ၏ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြထား သော သတင်းအချက် အလက်များအရ တရုတ်နိုင်ငံ၌ မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည် (ICBM) Dongfeng-41 (DF-41) ကို ထုတ်လုပ်ပြီး ဖြစ်ကြောင်းကို သွယ်ဝိုက် အတည်ပြုလျက် ရှိကြောင်း Global Times သတင်းဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။ Ifeng သတင်းဌာနမှ စစ်ဘက်ဆိုင်ရာ အစီရင်ခံသူ တန်ဘိုဟုက တရုတ်နိုင်ငံ၏ တိုက်ချင်းပစ် ဒုံးကျည် (DF-41) ထုတ်လုပ်မှုသည် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံ တကာ အသိုင်းအဝိုင်း အနေဖြင့် တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းအင်ကို အသိအမှတ်ပြု စေမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
တရုတ် အစိုးရက ၎င်းတို့ နိုင်ငံပိုင် နျူကလီးယား လက်နက်သစ် များကို နိုင်ငံတကာ စစ်ရေးပြ အခမ်းအနားတွင် ထုတ်ဖော်ပြသ သွားမည် ဖြစ်ကြောင်း နျူကလီးယား လက်နက် များကို ထုတ်ဖော်ပြသ ရခြင်းမှာ နိုင်ငံ၏ လုံခြုံရေး အတွက် အဟန့်အတား အဖြစ် ထုတ်ဖော်ပြ သခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ပေကျင်း အခြေစိုက် စစ်ဘက်ရေးရာ အစီရင်ခံသူ ဆောင်ကျုံးဖင်က တရုတ် အစိုးရသည် ICBMမျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်များအား သုတေသန ပြုလုပ် နေသည် ဆိုခြင်းမှာ အံ့သြဖွယ်ရာ ကိစ္စရပ် မဟုတ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ တိုးတက်မှု တစ်ရပ် အနေဖြင့် မျိုးဆက်သစ် လက်နက်တစ်ခုကို တပ်ဖြန့် ချထားစဉ် နောက်ထပ် မျိုးဆက်သစ် လက်နက် တစ်ခုကို ထုတ်လုပ်နိုင်ရန် သုတေသန ပြုလေ့ရှိပြီး တတိယ မျိုးဆက်သစ် လက်နက်ထုတ်လုပ်ရန် အတွက်ကိုလည်း ပုံမှန် အတိုင်း လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် DF-31 တိုက်ချင်းပစ် ဒုံးကျည်ကို ကာလရှည်ကြာ တပ်ဖြန့်ချ ထားဆဲဖြစ်သည့်အတွက် နောက်ထပ် မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်ကို သုတေသန ပြုလုပ်ခြင်း သာဖြစ်ကြောင်း ၎င်း Global Timesသတင်းဌာနသို့ ပြောကြား ခဲ့သည်။
No comments:
Post a Comment