မြန်မာ့ရုပ်သေး ဖျော်ဖြေပွဲများကို နိုင်ငံခြားသားများ ပိုမို အားပေးလာသည့် အတွက် ရုပ်သေးဇာတ်ရုံများ ထပ်မံ တိုးချဲ့ရန် စီစဉ်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၊ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်းမှ ရုပ်သေးပွဲ ကြည့်ရှုလိုသူများအတွက် ရည်ရွယ်ကာ မြန်မာ့ရိုးရာ ရုပ်သေးပြဇာတ်ရုံများ ထပ်မံ တိုးချဲ့ နိုင်စေရန် စီစဉ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထွေးဦးမြန်မာ ရိုးရာ ရုပ်သေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြန်မာ့ရိုးရာ ရုပ်သေး ပြဇာတ်ရုံများ တိုးချဲ့ဖွင့်လှစ် နိုင်စေရန်အတွက် သက်ဆိုင်ရာမှ တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။
ယခုလက်ရှိတွင် ထွေးဦးမြန်မာ ရိုးရာရုပ်သေးပြဇာတ်ရုံကို အမှတ် (၂၇၇) ဗိုလ်ချုပ်အောင်ဆန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး၌ ဖွင့်လှစ်ထားပြီး ရုပ်သေးပွဲများ ဖျော်ဖြေ ပေး လျက်ရှိရာ အတိုင်း အတာ တစ်ခုအထိ အောင်မြင်မှု ရရှိလာပြီ ဖြစ်သည့် အတွက် မြန်မာ့ရုပ်သေး ပညာကို ယခုထက်ပို၍ ကမ္ဘာက သိရှိလာစေရန် လုပ်ဆောင် လိုသောကြောင့် လူဦးရေ ပိုမိုဝင် ဆံ့သော ရုပ်သေးပြဇာတ်ရုံများ ထပ်မံ ဖွင့်လှစ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ်ခရီးသွား ရာသီအမီ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် ရည်မှန်း ထားကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
နိုဝင်ဘာ ၁ ရက်မှ ၁ဝ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် နိုင်ငံတကာ ရုပ်သေး ပွဲတော်တွင်လည်း ထွေးဦးမြန်မာ ရိုးရာရုပ်သေးအဖွဲ့ကို ပါဝင်ဆင်နွှဲရန် ဖိတ်ကြား ထားသဖြင့် သွားရောက်ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။
No comments:
Post a Comment