Thursday, August 7, 2014

MH17 လေယာဉ်နှင့်အတူသေဆုံးခဲ့သူများအတွက် သြစတေးလျတွင် အမျိုးသားနေ့တစ်ရပ်ကျင်းပ

ယူကရိန်းနိုင်ငံတွင် ပျက်ကျသွားသော MH17 လေယာဉ်နှင့်အတူ သေဆုံးသွားသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်အမျိုးသားနေ့တစ်ရပ်အား သြစတေးလျအစိုးရက ကြသပတေးနေ့တွင် အလံတိုင်တစ်ဝက်လွှင့်ထူ၍ ကျင်းပခဲ့သည်။ ၄င်းမှာ လေယာဉ်ပျက်ကျရာနေရာတွင် ခန္ဓာကိုယ်အစိတ် အပိုင်းများ ရှာဖွေခြင်းကို ဟန့်တားခံခဲ့သည့်နေ့ပြီး နောက်တစ်နေ့တွင် ဖြစ်သည်။


ဇူလိုင်လ (၁၇) ရက်နေ့က Amsterdam မှ ကွာလာလမ်ပူသို့ ထွက်ခွာလာခဲ့သော မလေးရှားလေ ယာဉ်သည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းအရောက် ပစ်ချခံခဲ့ရသည့်အတွက် လေယာဉ်ပေါ် လိုက်ပါလာသူ စုစုပေါင်း (၂၉၈) သေဆုံးခဲ့သည့်အနက် သြစတေးလျနိုင်ငံသား ကလေးငယ်များအပါအ၀င် ၃၈ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းရှိ ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းများထိုးကာ အထိမ်းအမှတ်ပွဲအား Melbourne ရှိ St Patrick's Cathedral တွင် ကျင်းပခဲ့ပြီး Victoria ပြည်နယ်မှ သေဆုံးခဲ့သူ (၁၆) ဦးအား ရွေးချယ် ဆုတောင်းပွဲများပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

back to top