နိုင်ငံတကာစောင့် ကြည့်လေ့လာရေးဖွဲ့ပါ ပါဝင်စီစစ်နေသည့် အာဖဂန် ရွေးကောက်ပွဲ မဲရလဒ်
အာဖဂန်ရွေးကောက်ပွဲဆိုင်ရာမဲရေတွက်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်အခြေအနေတွေ ရှိနေတာကြောင့် ကုလသမဂ္ဂက ကျွမ်းကျင်သူတွေကပါစောင့်ကြည့်ရေတွက်လျက်ရှိပါတယ် အာဖဂန်ရွေးကောက်ပွဲ ဆိုင်ရာအရာရှိတွေဟာ
မဲပေးမှုဆိုင်ရာ အငြင်းပွားဖွယ်အခြေအနေနဲ့ ပတ်သက်ပြီး မဲအရေအတွက် ၈
သန်းကျော်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာ
စောင့်ကြည့်သူတွေနဲ့ သမ္မတလောင်းရဲ့ ကိုယ်စားလှယ်တွေရဲ့ရှေ့မှာ
ရေတွက်ဖို့စီစဉ်နေပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးကတော့ ပါကီတာစီရင်စု အရှေ့ဘက်ပိုင်း မဲဆန္ဒနယ်က
အငြင်း ပွားဖွယ် မဲစာရွက်တွေ ရေတွက်မှုကို မြို့တော်ကဘူးရှိ
ကုန်လှောင်ရုံတစ်လုံးမှာ တနင်္လာနေ့တုန်းက ပြုလုပ် ခဲ့ပါတယ်။ ဒုတိယအကြော့
ရွေးကောက်ပွဲအပြီး သမ္မတလောင်း "အက်ဘ်ဒူလာ အက်ဘ် ဒူလာ"က ပြိုင်ဘက်
သမ္မတလောင်း "အာရှက်ဖ်ဂန်္ဓီ"မဲအသာရမှုကို ပယ်ချပြီးတဲ့နောက်မှာ အခုလို
မဲရေ တွက်မှုတွေကို ပြန်လည်စတင်နေတာလည်း ဖြစ်ပါတယ်။
မစ္စတာ"ဂန်္ဓီ"ရဲ့ မဲရေ တွက်မှု စောင့်ကြည့်ရေးကိုယ်စားလှယ်တွေကတော့ အခုလို
မဲရေတွက်စဉ်အတွင်းမှာ မဲရုံမှာ သတ်မှတ်ထားတဲ့ မဲထည့်ရမယ့်
သူမပဏထက်ပိုနေတာတွေ၊ မဲစာရွက်နောက်မှာ တံဆိပ် ခေါင်း မကပ်ထားတဲ့ မဲတွေ၊
သမ္မတလောင်းကိုယ်စားလှယ်တွေနဲ့ လွတ်လပ်သောရွေးကောက် ပွဲ ကော်မရှင် တို့ကြားမှာ
သဘောထားကွဲလွဲတဲ့ မဲတွေထပ်ရှိလာဦးမယ်ဆိုရင် ကုလသမဂ္ဂက နည်းပညာ
ကျွမ်းကျင် သူတွေနဲ့ ခေါ်ယူဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အခုလို အငြင်းပွား မဲရလဒ်တွေကို ဖြစ်ပေါ်နေပေမယ့်
သမ္မတ"ဟာမစ်ကာဇိုင်း"နေရာမှာ ဆက်ခံမယ့် သမ္မတသစ်ကိုတော့ ဒီလကုန်ပိုင်းမှာ
ကြေညာရမှာဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment