Tuesday, August 5, 2014

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ သြဂုတ် ၁၅ရက်မှစ၍ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားနိုင်

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားနိုင်ရန် အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ် ဌာနကြီး ကြပ် ရေးမှူးများ (အခြေခံ ပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ် ဝင်ခွင့် လမ်းညွှန် စာအုပ်နှင့်  တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံအိတ်ကို သြဂုတ် ၁၄ရက် (ကြာသ ပတေးနေ့) မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန် ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ် ၁၅ရက်မှ စက်တင်ဘာ ၅ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) တွင် လျှောက်ထား နိုင်သည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့် ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း ကမာရွတ် မြို့နယ် ရန်ကုန်မြို့ ဖုန်း- ၅၃၇၆၇၇နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top