ကုန်ထုတ်လုပ်မှုဆိုင်ရာ ကုန်သွယ်မှုပြပွဲ MCC ၌ ကျင်းပမည်
နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ကုမ္ပဏီများက မြန်မာနိုင်ငံ၌ ပထမဆုံး လာရောက်ပြသမည့် (Manufacturing Myanmar 2014) ကုန်ထုတ်လုပ်မှုဆိုင်ရာ ကုန်သွယ်မှုပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Convention Centre (MCC) ၌ အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှုပြပွဲတွင် နိုင်ငံတကာ အုပ်စုသုံးခု၏ ပြခန်းများကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ Singapore Precision Engineering & Tool Association (SPETA) မှ ခင်းကျင်း ပြသသော စင်ကာပူပြခန်း၊ Taiwan Machine Tool & Accessory Builder Association (TMBA) မှ ခင်းကျင်း ပြသသော တရုတ် (တိုင်ပေ) ပြခန်းနှင့် Hardware & DIY Club မှ ခင်းကျင်း ပြသသော ထိုင်းပြခန်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စမ်းသပ်မှုနှင့် တိုင်းတာမှုဆိုင်ရာ ကိရိယာ တန်ဆာပလာများ၊ လက်ကိုင်ကိရိယာ များ၊ သတ္တု ပုံဖော်မှုနှင့် သတ္တု ဖြတ်စက်များနှင့် အတူ အခြားသော ထောက်ပံ့လုပ်ကိုင်မှု ဆိုင်ရာ ကိရိယာ တန်ဆာပလာများ စသည်တို့ကို ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပြပွဲသို့ လာရောက်ပြသမည့် ပင်ရင်းနိုင်ငံ ကုမ္ပဏီများမှ တာဝန်ရှိသူများ ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment