Wednesday, August 13, 2014

(၁ဝ)ကြိမ် မြောက် အာဆီယံ- တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲသို့ မြန်မာ လှယဉ်ကျေးမယ် နှစ်ဦး ယှဉ်ပြိုင်မည်


တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အာဆီယံ- တရုတ် လှယဉ်ကျေးမယ် ရွေးချယ်ရေး ကော်မတီမှကြီးမှူး၍ (၁ဝ)ကြိမ်မြောက်  အာဆီယံ- တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တာ့လျန်မြို့၌ သြဂုတ် ၂၉ရက်တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားရာ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ် ကိုင်ဆောင်သူ မအိန္ဒြာ သီရိကိုနှင့် ဘရူနိုင်းနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ် ကိုင်ဆောင်သူ မချောစု လင်းသန့်ဖြူ တို့ကို ရွေးချယ် ထားကြောင်း သိရသည်။
ရွေးချယ်ထားသော  လှယဉ်ကျေးမယ် နှစ်ဦးသည်  Miss 27th Sea Games Myanmar 2013 ပြိုင်ပွဲကြီးတွင်လည်း Miss နှင့် 1st Runner ဆုများ ရရှိထားသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာလှယဉ်ကျေး မယ်နှစ်ဦးသည် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒေါက်တာခင်သီတာဦးဆောင်လျက် သြဂုတ် ၂၂ ရက်အရောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့   ထွက်ခွာမည် ဖြစ်ကြောင်း သတင်းရရှိသည်။    

No comments:

Post a Comment

back to top