အနုပညာနှင့်လူမှုရေးအခွင့်အရေးဆိုင်ရာ အာဆီယံ လူငယ်အ နုပညာပြိုင်ပွဲ အာဆီယံဒေသအဆင့်အကောင်းဆုံးဆု မြန်မာနိုင်ငံဆွတ်ခူး
အာဆီယံနိုင်ငံများတွင်အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကြေညာ စာတမ်း (ASEAN HUMAN RIGHT CHARTER) နှင့် ပတ်သက်၍ အာဆီယံနိုင်ငံများရှိ လူငယ်များအကြား ပြန့်ပွားသိရှိ နားလည်စေ ရန်ရည်ရွယ်၍ မြန်မာ နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ ယဉ်ကျေးမှု နှင့်ပြန်ကြားရေး အမျိုးသားကော်မတီတို့ ပူးပေါင်း ကျင်းပသည့် အနုပညာနှင့်လူမှုအခွင့် အရေးဆိုင်ရာ အာဆီယံလူငယ် အနုပညာပြိုင်ပွဲကို ဇွန် ၈ ရက်တွင် အမျိုးသားအဆင့် ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား အဆင့်ဆုအဖြစ် မအေးမြတ်သန္တာ အောင်၏ ပန်းချီကားကို ရွေးချယ် ခဲ့သည်။ ထို့နောက် အာဆီယံ (၁ဝ) နိုင်ငံဒေသအဆင့်ပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ပေးပို့ သော အမျိုးသားအဆင့်ဆုရပန်းချီ ကားကို အာဆီယံဒေသအဆင့် အကောင်းဆုံး ဆုလက်ရာအဖြစ် ရွေးချယ်ခြင်း ခံရကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယ နှစ်၊ ပန်းချီပညာဌာနတွင် ပညာသင် ကြားနေသော မအေးမြတ်သန္တာ အောင်၏ ဆုရပန်းချီကား ခေါင်းစဉ် မှာ Equal And Peace For Everyone ဖြစ်ပြီး အကြောင်းအရာမှာ အာဆီယံဒေသတွင်း နိုင်ငံရေး၊ စီးပွား ရေးငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင် ရေး၊ လူမှုရေး၊ ပညာရေး၊ ကိုးကွယ် ယုံကြည်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာများကို စုစည်းပြီး ပန်းချီကားဖွဲ့စည်းမှုနှင့် ဒီဇိုင်းဖွဲ့စည်းမှုပုံသဏ္ဌာန်ဖြင့် ပေါ်လွင် အောင်ရေးဆွဲတင်ပြခြင်းဖြစ်သည်။
အမျိုးသားအဆင့် ဆုရရှိမှု အတွက် အမေရိကန်ဒေါ်လာ ၄၅ဝ နှင့် အာဆီယံဒေသအဆင့် ဆုရရှိမှု အတွက် ချီးမြှင့်ငွေ အမေရိကန် ဒေါ်လာ ၂ဝဝဝ အသီးသီး သတ်မှတ်ထားသည်။
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံအစိုးရများ ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ အထူးအစည်းအဝေးတွင် အနုပညာ နှင့် လူမှုအခွင့်အရေးဆိုင်ရာ အာဆီယံလူငယ် အနုပညာပြိုင်ပွဲကို ကျင်းပရန် သဘောတူခဲ့သည်။
အဆိုပါ အာဆီယံဒေသဆိုင်ရာ ပထမဆုကို သြဂုတ် ၁၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံရုံးချုပ်၌ အခမ်းအနားဖြင့် ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment