(၂၀၁၄)ဂရင်းပရီ ကြက်တောင်ရိုက် ပြိုင်ပွဲကို ရီယိုမြို့မှာ ကျင်းပ
(၂၀၁၄)ဂရင်းပရီ ကြက်တောင်ရိုက် ပြိုင်ပွဲကို (၂၀၁၆)နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပါတယ်။
အမျိုးသား တစ်ဦးချင်းမှာ အိုင်ယာလန်က စကော့အီဗန်ဗိုလ်စွဲပြီး အမျိုးသမီး တစ်ဦးချင်းမှာတော့ အမေရိကန်နိုင်ငံသူ ဘီဝန်ကျန်က ပထမရပါတယ်။ နှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာတော့ ဂျာမနီအားကစား မောင်မယ်တွေက စိုးမိုးသွားပါတယ်။ အမျိုးသား နှစ်ယောက်တွဲမှာ မက်ရှဝန်ဂါနဲ့ ဂျို့စ်ချီဇာဝန်းတို့ ဗိုလ်စွဲပြီး အမျိုးသမီး နှစ်ယောက်တွဲမှာတော့ ဂျိုဟန်နာဂိုလစ်ဇီစကီးနဲ့ ကာလာနယ်တီတို့က ပထမဆု ရပါတယ်။ နိုင်ငံတကာ ကြက်တောင်ရိုက် အဖွဲ့ချုပ်ဟာ ဘောလုံးနိုင်ငံ ဘရာဇီးလ်မှာ အိုလံပစ် အားကစားတွေကို စိတ်ဝင်စားမှု ရှိစေဖို့အတွက် ရီယိုမြို့ကိုဒီပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် ရွေးလိုက်တာ ဖြစ်ပါတယ်။ ကြက်တောင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဂတ်စ်တာဗိုဆာလာဇာက "အိုလံပစ်ကျင်းပဖို့ (၂)နှစ်အလိုမှာ စမ်းသပ်တဲ့အနေနဲ့ အိုလံပစ်အိမ်ရှင် ရီယိုမြို့မှာ ကျင်းပလိုက်တာ ဖြစ်ပါတယ်။ ဒီဟာက ပထမဆုံးအနေနဲ့ ကမ္ဘာ့အဆင့် ကြက်တောင်ပြိုင်ပွဲကို စမ်းသပ်ကျင်းပတာပါ။ နည်းစနစ်ရေးရာပိုင်းမှာရော၊ အားကစားရေးရာ ပိုင်းမှာပါ ကျေနပ်စရာပါပဲ။ ဒိုင်လူကြီးတွေ၊ စည်းကြပ်ဒိုင်တွေ အလုပ်လုပ်ပုံလည်း ကောင်းပါတယ်"လို့ ပြောကြားပါတယ်။

No comments:
Post a Comment