Wednesday, August 13, 2014

အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌသစ်အဖြစ် တာဗက်ချီယို ရွေးခံရ


အီတလီ အပျော်တမ်းလိဂ်ဥက္ကဌ တာဗက်ချီယိုဟာ ပြီးခဲ့တဲ့လက အာဖရိက ကစားသမားတွေကို ငှက်ပျောသီး စားသူတွေလို့ ပြောခဲ့တာကြောင့် လူမျိုးရေး ခွဲခြားသူတစ်ဦးလို့ ဝေဖန်ခံခဲ့ရပေမယ့် တနင်္လာနေ့က အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံရပါတယ်။ 
ရောမမြို့ အီတလီဘောလုံး အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌသစ် ရွေးပွဲမှာ တာဗက်ချီယိုက မဲဆန္ဒ(၆၃ .၆၃)ရာခိုင်နှုန်းရပြီး သူ့အဓိက ပြိုင်ဘက် အဲလ်ဘာတီနီကတော့ (၃၃ .၉၅)ရာခိုင်နှုန်း ရခဲ့ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ် မဲဆန္ဒ ကောက်ခံမှုမှာ သူတို့နှစ်ယောက်ကြား ထောက်ခံမဲ သိပ်မကွာဘဲ တတိယအကြိမ်မှ တာဗက်ချီယိုက အနိုင်ရခဲ့တာပါ။ အသက် (၇၁)နှစ် အရွယ်ရှိ တာဗက်ချီယိုရဲ့ ပထမဆုံး စိန်ခေါ်မှုကတော့ လက်ရွေးစင် အသင်းနည်းပြသစ်ကို ခန့်အပ်ဖို့ပါပဲ။ လတ်တလော ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီကတော့ လက်ရွေးစင် နည်းပြသစ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

No comments:

Post a Comment

back to top