မန်ယူပရိသတ်များ စိတ်ရှည်ကြရန် ဗန်ဂါးလ်ပန်ကြား
မန်ချက်စတာ− ရာသီအကြို ခြေ စမ်းပွဲများတွင် မန်ယူအသင်းက ခြောက်ပွဲကစားပြီး ခြောက်ပွဲနိုင် ခဲ့သော်လည်း အသင်း၏ ကံကြမ္မာအလှည့်အပြောင်း လုပ်နိုင်ရန် အချိန်ပိုမိုလိုအပ်သည်ဟု နည်းပြသစ် လူးဝစ်ဗန်ဂါးလ်က ယုံကြည်နေသည်။
မန်ယူအသင်းသည် ရာသီ အကြိုခြေစမ်းပွဲ နောက်ဆုံးပွဲ၌ ဗလင်စီယာကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သဖြင့် မန်ယူကို ဗန်ဂါးလ် စတင်ကိုင်တွယ်သော ပွဲများတွင် အနိုင်ရရှိမှု သေချာခဲ့သည်။ ယခုအခါ မန်ယူသည် ပရီးမီးယားလိဂ် အိမ်ကွင်းအဖွင့်ပွဲကို စနေနေ့တွင် ဆွမ်ဆီးနှင့် စတင်ကစားရမည်ဖြစ်သည်။ သို့သော် ယင်းပွဲစဉ်အတွက် အီဗန်းစ်၊ လုခ် ရှောနှင့် ဗလင်စီယာတို့ ပါဝင်နိုင် မည်လား မသေချာပေ။ ၎င်းတို့ သုံးဦးမှာ ဗလင်စီယာကိုနိုင်သည့် ပွဲတွင် ဒဏ်ရာကြောင့် မပါဝင်ခဲ့ ပေ။ ရာသီအကြိုကာလတွင် နောက်တန်းဝဲအစွန်လူ လုခ်ရှော နှင့် ကွင်းလယ်လူ ဟာရီရာတို့ကို သာ မန်ယူက ဝယ်ယူထားသည်။ သို့သော် စပို့တင်းလစ္စဘွန်းမှ နောက်တန်းဗဟိုလူ မားကို့စ်ရိုဟို ကို ပေါင် ၁၆ သန်းဖြင့် ဝယ်ယူ လိုက်ပြီဟု သတင်းများ ထွက်နေ သည်။ ‘‘ကွင်းထဲကို ဝင်လာတဲ့အ ချိန် သူတို့က ခင်ဗျားနာမည်ကို ဟစ်အော်နေကြတာ မယုံနိုင်စရာ ပါပဲ။ ဒါပေမဲ့ သူတို့ အများကြီး မျှော်လင့်ထားတယ်ဆိုတဲ့ ဖိအား လည်း ရှိနေပါတယ်။ သုံး၊ လေး ပတ်အတွင်း အရာအားလုံး ပြောင်းလဲလို့ မရနိုင်သလို ကစား သမားတွေလည်း မပြောင်းလဲနိုင် ပါဘူး’’ဟု ဗန်ဂါးလ်က ပြောကြား သည်။ —Ref: AFP

No comments:
Post a Comment