Friday, August 15, 2014

မွေးနေ့မှာ စိတ်ကောက်နေ့တဲ့ချစ်သူနဲ့ ပြန်အဆင်ပြေချင်ပါတယ် ဆိုတဲ့ မိုးအောင်ရင်



၁၃ရက်နေ့ ၂၈ နှစ်ပြည့် မွေးနေ့မှာ စိတ်ကောက်နေတဲ့ ချစ်သူနဲ့ ပြန်အဆင်ပြေချင်တယ်လို့ ရင်ဖွင့်ပြောပြလာတဲ့ သူကတော့ ငါးစိမ်းသည်မ ဗီဒီယိုကားလေးနဲ့ ပရိသတ် ရင်ဘတ်ထဲကို တိုးဝင်လာခဲ့တဲ့ မိုးအောင်ရင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ကို သူ့ရဲ့ Cousins Grill အမေရိကန် စားသောက်ဆိုင် ဆိုင်တည်ရှိရာ ကုက္ကိုင်းရေကူးကန်လမ်းမှာ သူ့ပရိသတ် တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူရင်ဖွင့်ပြောပြလာတဲ့ အနုပညာအကြောင်းအရာအချို့ကို စာသားတွေနဲ့ ပုံဖော်ကြည့်တဲ့ခါ “ခု ဒီမွေးနေ့က ကျွန်တော့် အသက် ၂၈နှစ်မြောက်မှာ ပထမဆုံးလုပ်ဖြစ်တဲ့ မွေးနေ့ လေးပေါ့။ အစက ၂၉ ၃၀လောက်မှ လုပ်မလို့။ အဲဒါကို သူငယ်ချင်းက ဆိုင်လဲရှိနေတာပဲ ကိုယ့်ဆိုင်ကို ကြော်ငြာသလိုမျိုးလဲ ဖြစ်တယ်ဆိုပြီး ကိုယ့်အလုပ်က ကိုယ့်အတွက်တင် မဟုတ်ပဲ သူများအတွက်ပါ အကျိုးအမြတ်ဖြစ်အောင် သူ့ရဲ့အကြံဥာဏ်နဲ့ လုပ်ဖြစ်တယ်ပေါ့။ ပရိသတ်ကို ဖိတ်တာတောင် မွေးနေ့ လုပ်ခါနီး ကပ်တော့မှ လိုက်ဖိတ်ဖြစ်သွားတယ်။ အဝေးကြီးကတည်းက ဝေထားရင် သိပ်မမိုက်လို့ ထူးထူးခြားခြားလေးလဲဖြစ်အောင် အခုလိုမျိုး ကပ်မှ လိုက်ဖိတ်ဖြစ်တာပါ။ အခုက အယောက် ၁၀၀ ပဲ ကိုယ်တိုင်ဖိတ်တာပေါ့နော်။ ဒီမွေးနေ့လေးကလဲ ကျွန်တော့်အသက် ၂၁ နှစ်ပြည့်မှာ ပထမဆုံး ကြီးကြီး ကျယ်ကျယ် လုပ်ဖူးတဲ့ မွေးနေ့လေးပါ။ ဒီမွေးနေ့လေးမှာ အမှတ်တရ တစ်ခုပေါ့။”လို့ သူက ပြောပါ တယ်။ သူ့ကို ဘယ်လိုမွေးနေ့လက်ဆောင်မျိုး ရချင်သလဲလို့ မေးကြည့်လိုက်တော့ သူက “မျှော်လင့် ထားတဲ့ မွေးနေ့လက်ဆောင်က လောလောဆယ်မှာချစ်သူနဲ့ရန်ဖြစ်နေတော့ ကိုယ်ချစ်တဲ့ သူပြန်အဆင်ပြေချင်တာပေါ့နော်။ ကိုယ့်မွေးနေ့လေးမှာ ပရိသတ်တွေအပြင် ချစ်သူကိုလဲရှိစေ ချင် တာပေါ့”တဲ့။ မိုးအောင်ရင်ဟာ ခုလတ်တလော ဒါရိုက်တာတပြားသု ရိုက်ကူးနေတဲ့ ဟာသကားလေးမှာ နန်းခင်ဇေယျာနဲ့ အတူ တွဲဖက်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top